Connect with us

Science & Technology

ပထမဆုံး နိုင်ငံတော်ဆိုင်ရာ မီဒီယာ ပလက်ဖောင်းသစ် တစ်ခု တရုတ် တည်ထောင်

တရုတ်နိုင်ငံ၏ ပထမဆုံး မီဒီယာ ပလက်ဖောင်းသစ်အား မိတ်ဆက်ခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆင်ဟွာရုံးချုပ်၌ သြဂုတ်လ ၃၀ ရက်က သဘောတူ လက်မှတ်ရေးထိုးပြီးနောက် တရုတ်နိုင်ငံက မီဒီယာ ၄၂ ခု ကနဦး ပါဝင်သည့် ပထမဆုံး မီဒီယာ ပလက်ဖောင်းသစ် (Media Platform) တစ်ခုအား ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်း ပလက်ဖောင်းသည် သတင်းများ ဖြန့်ဖြူးရာတွင် အက်ပ်ပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်မှ တဆင့် ဗဟိုပြု ပေါင်းစည်းခြင်း၊ ပုံနှိပ် သတင်း ဖြန့်ဝေခြင်း စနစ်များ အသားပေး တင်ပြခြင်းဖြင့် သတင်းများ ကူးချခြင်း အား ရှောင်ရှားနိုင်မည်သာမက မီဒီယာများ တစ်စုတစ်စည်းထဲ ဖြစ်စေနိုင်ရန်အတွက် ဖြစ်ကြောင်း သဘောတူ ညီချက်အရ သိရသည်။
မီဒီယာ ရေစီးကြောင်းများသည် ၎င်းတို့၏ ဆက်သွယ်ရေး ချန်နယ်များနှင့် အင်တာနက် မှတဆင့် လွှမ်းမိုးမှု ရှိ နိုင်မည် ဖြစ်ကြောင်း သဘောတူညီချက်၌ ဖော်ပြထားသည်။
ဆင်ဟွာ သတင်းဋ္ဌာန အနေဖြင့် “on-the-ground” ဝန်ဆောင်မှုမှတဆင့် အချိန်နှင့် တစ်ပြေးညီ တင်ပြထားရန် အဆင့်မြှင့်တင်ထားသည့် မိုဘိုင်း အက်ပလီကေးရှင်း ဗားရှင်းဖြင့် သတင်း ဖြန့်ဝေမည့် နည်းလမ်းအား ဆင်ဟွာ က ရှာဖွေခဲ့ကြောင်း သိရသည်။ “on-the-ground” ဝန်ဆောင်မှု မိုဘိုင်းနည်းပညာသည် ရိုးရာ၊ စက်ပစ္စည်းကြီး နှင့် တန်ဖိုးကြီး စက်ပစ္စည်းကြီးများ မလိုဘဲ ရှိသည့်နေရာ၌ အချိန်နှင့် တပြေးညီ တင်ပြ ထုတ်လွှင့်နိုင်မည် ဖြစ် သည်။
“ဆင်ဟွာ၏ အင်တာနက် မီဒီယာစနစ်သစ်က လွယ်ကူစွာ တပ်ဆင်နိုင်ပြီး ထိရောက်စွာ အသုံးချနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖွင့်လှစ်ခဲ့တယ်” ဟု ဆင်ဟွာ သတင်းအေဂျင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌ လျူ စီယန် က ပြောသည်။
မီဒီယာ ပလက်ဖောင်းသစ်တွင် ပါဝင်သည့် အဖွဲ့ဝင်များအနေဖြင့် ဆင်ဟွာ မိုဘိုင်း အက်ပ် (Xinhua’s mobile app), xinhua.net နှင့် ပါဝင်သည့်အရာများအား “on-the-ground” ဝန်ဆောင်မှုမှတဆင့် သတင်းများ ထုတ် ဝေမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.