Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ထိပ်တန်းသိပ္ပံ ထူးချွန်ဆုကို ပညာရှင် နှစ်ဦး ဆွတ်ခူးရရှိ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်အတူ တရုတ်နိုင်ငံ၏ ထိပ်တန်းသိပ္ပံထူးချွန်ဆုရ သိပ္ပံပညာရှင်နှစ်ဦးအားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သိပ္ပံပညာရှင်နှစ်ဦးဖြစ်သော ဓာတုဗေဒကျွမ်းကျင်ပညာရှင် Wang Zeshan နှင့် ဗိုင်းရပ်စ်ပိုး ရှာဖွေရေး ပညာရှင် Hou Yunde တို့သည် နည်းပညာပိုင်းဆိုင်ရာတီထွင်ဆန်းသစ်မှု နှင့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းသိပ္ပံထူးချွန်ဆုကို ဇန်နဝါရီလ ၈ ရက်တွင် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့၌ ကျင်းပခဲ့သည့် သုတေသနစွမ်းဆောင်မှုများ နှင့် သိပ္ပံဆိုင်ရာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်း နှစ်ပတ်လည် အခမ်းအနားကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် တက်ရောက် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သမ္မတရှီက ဆုရသူနှစ်ဦးအား လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုဆုများကို ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သော လီခဲ့ချန် ၊ ကျန်ကောလိ နှင့် ဝမ်ဟူနင်း ( Wang Huning) တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၈ ရက်တွင်ပြုလုပ်သော အခမ်းအနားတွင် ဂုဏ်ထူးဆောင် စီမံကိန်းပေါင်း ၂၇၁ ခုနှင့် သိပ္ပံပညာရှင် ၉ ဦးကို အမျိုးသားထူးချွန်ဆုတံဆိပ်များ အပ်နှင်းခဲ့သည်။

ထို့ပြင် နိုင်ငံခြားသား သိပ္ပံပညာရှင် ၇ ဦးအား နိုင်ငံတကာသိပ္ပံ နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးချုပ် လီခဲ့ချန်က ဆုရသူများအား ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ပြီး တရုတ်နိုင်ငံ၏ သိပ္ပံ နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက်ပါဝင်ကူညီပေးခဲ့သော နိုင်ငံခြားကျွမ်းကျင်ပညာရှင်များကို ကျေးဇူးတင်စကားဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.