Connect with us

Science & Technology

Chang’e-5 အာကာသယာဉ် ပြန်လည်ထွက်ခွာရေးအတွက် ပြင်ဆင်ရန် ဂြိုဟ်ပတ်လမ်းကြောင်းပြောင်းခြင်း ပြီးစီး

တရုတ်နိုင်ငံ Chang'e-5 အာကာသယာဉ်၏ orbiter နှင့် returner ပေါင်းစပ်ယာဉ်၏ ဂြိုဟ်ပတ်လမ်းကြောင်း သရုပ်ပြပုံကို တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်၏ orbiter-returner ပေါင်းစပ်ယာဉ်သည် ကမ္ဘာမြေသို့ပြန်လာမည့် လမ်းကြောင်းအတွက် လကမ္ဘာပတ်လမ်းကြောင်းမှထွက်ခွာရန် ပြင်ဆင်ခြင်းလုပ်ငန်းမှာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြီးစီးပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန အဆိုအရ သိရသည်။

လကမ္ဘာပတ်လမ်းကြောင်းတွင် ခြောက်ရက်ခန့်ရှိနေပြီးနောက် orbiter-returner ပေါင်းစပ်ယာဉ်သည် ပေကျင်းစံတော်ချိန် နံနက် ၀၉:၅၄ နာရီတွင် ဂြိုဟ်ပတ်လမ်းကြောင်းပြောင်းခြင်းပြီးစီးပြီဖြစ်၍ လနှင့်အနီးဆုံးဂြိုဟ်ပတ်လမ်းကြောင်းနေရာမှ ကီလိုမီတာ ၂၀၀ အကွာ ဘဲဥပုံလမ်းကြောင်းသို့ ရွှေ့ပြောင်းခဲ့သည်။
Orbiter-returner ပေါင်းစပ်ယာဉ်သည် လ၏ဆွဲငင်အားမှ လွတ်မြောက်ရန်နှင့် ကမ္ဘာသို့ပြန်ရန် လ – ကမ္ဘာ ကူးပြောင်းသည့်ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဝင်ရောက်ရန် နောက်ထပ် ဂြိုဟ်ပတ်လမ်းကြောင်းပြောင်းခြင်းကို စီစဉ်ထားကြောင်း သိရသည်။

Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် ရှုပ်ထွေးပြီး စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သလို နှစ်ပေါင်း ၄၀ ကျော်အတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင် နမူနာပစ္စည်း ယူဆောင်ခြင်းလုပ်ငန်းလည်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်အား နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာကာသစူးစမ်းလေ့လာရေးယာဉ် Returner သည် တရုတ်နိုင်ငံ၏ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner သို့ ဒီဇင်ဘာလလယ်တွင် ဆင်းသက်နိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရသည်။ (Xinhua)

————————————
(English Version)
Chang’e-5 orbiter-returner completes orbital maneuver to prepare for return
BEIJING, Dec. 12 (Xinhua) — The orbiter-returner combination of China’s Chang’e-5 probe on Saturday completed an orbital maneuver, preparing to leave the lunar orbit for a trajectory that returns it to Earth, according to the China National Space Administration.
After about six days in lunar orbit, the orbiter-returner combination completed the maneuver at 9:54 a.m. (Beijing Time), changing from a nearly circular orbit to an elliptical orbit with a perilune altitude of 200 km.
The orbiter-returner combination is scheduled to have another orbital maneuver to escape lunar gravity and enter the moon-Earth transfer orbit to return to Earth.
Chang’e-5 is one of the most complicated and challenging missions in China’s aerospace history. It is also the world’s first moon-sample mission in more than 40 years.
The probe, comprising an orbiter, a lander, an ascender and a returner, was launched on Nov. 24, and its lander-ascender combination touched down on the north of the Mons Rumker in Oceanus Procellarum, also known as the Ocean of Storms, on the near side of the moon on Dec. 1.
The probe’s returner is expected to land at the Siziwang Banner in north China’s Inner Mongolia Autonomous Region in mid-December. Enditem