Connect with us

Science & Technology

တရုတ်နိုင်ငံ၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ် ပထမဆုံးတာဝန် အောင်မြင်စွာပြီးစီး

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချန်တူးမြို့တွင် Y-9 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်မှ ဖျားနာနေသော လေတပ်အရာရှိတစ်ဦးအား ကျန်းမာရေးဝန်ထမ်းများက သယ်ဆောင်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချန်တူး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လေတပ်၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ်သည် ယခုတစ်ပတ်အတွင်း ပထမဆုံးလွှဲပြောင်း ပို့ဆောင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်အဆိုအရ သိရသည်။ 

ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးများတွင်  အသုံးပြုရန်အတွက် ပြုပြင်မွမ်းမံထားသော Y-9 လေယာဉ်တစ်စင်းသည် ဖျားနာလျက်ရှိသော ကျန်းမျိုးနွယ် တပ်ဖွဲ့ဝင်တစ်ဦးကို ကုန်းပြင်မြင့်ဒေသမှ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မြို့ကြီးတစ်မြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။ ယင်းခရီးစဉ်သည် အချိန် ၄ နာရီခွဲခန့် ကြာမြင့်ခဲ့သည်။ ကျန်းသည် လေ့ကျင့်ရေးပြုလုပ်နေစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒေသဆေးရုံ၌ ၎င်း၏အခြေအနေမှာ ဆိုးရွားနေခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။ 

အဆင့်မြင့် ပစ္စည်းကိရိယာများ တပ်ဆင်ထားသော Y-9 လေယာဉ်သည် ခက်ခဲသော ကျန်းမာရေးဆိုင်ရာ လွှဲပြောင်းမှုများကို ဆောင်ရွက်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း လေယာဉ်ပေါ်တွင် အရေးပေါ်ကုသမှုဆောင်ရွက်နိုင်ကြောင်း သိရသည်။ 

၎င်းလေယာဉ်အား ၂၀၁၉ ခုနှစ်က ပေကျင်းမြို့တွင် ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ စစ်ရေးပြအခမ်းအနားကြီးအတွင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအား ပြသခဲ့ခြင်း ဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.