Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ကြက်ခြေနီတက္ကသိုလ် တည်ထောင်

အသစ်တည်ထောင်လိုက်သော နိုင်ငံတကာ ကြက်ခြေနီတက္ကသိုလ်နှင့် လခြမ်းနီအဖွဲ့ရုံးရှေ့တွင် စေတနာ့ဝန်ထမ်းများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် ပထမဆုံး ကြက်ခြေနီတက္ကသိုလ်အား တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့အစည်း (RCSC) နှင့် Soochow တက္ကသိုလ်တို့က တရုတ်နိုင်ငံ ကျန်းစုပြည်နယ် အရှေ့ပိုင်း စူကျိုးမြို့တွင် တည်ထောင်လိုက်ကြောင်း RCSC ပြောကြားချက်အရ သိရသည်။

အဆိုပါ တက္ကသိုလ်သည် သုတေသန၊ စွမ်းရည်ပျိုးထောင်ခြင်း၊ ယဉ်ကျေးမှု ဆက်သွယ်ရေး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများအတွက် အခြေစိုက်တစ်ခု ဖြစ်လာရန် နိုင်ငံတကာ ကြက်ခြေနီတက္ကသိုလ်နှင့် လခြမ်းနီအဖွဲ့တို့က မျှော်မှန်းထားကြောင်း၊ NPC အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့အစည်း (RCSC) အကြီးအကဲ ချိန်ကျူးက ပြောခဲ့သည်။

ယင်းတက္ကသိုလ်တွင် သုတေသနစင်တာ ၆ ခုတည်ထောင်ခြင်းနှင့် အရေးပေါ် စီမံခန့်ခွဲမှု၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆေးဝါးနှင့် အရေးပေါ်ဆေးဝါးများ အပါအဝင် လူသားချင်းစာနာထောက်မှု စည်းကမ်းများ၏ ဘက်စုံစနစ်တစ်ခု တည်ထောင်ခြင်းအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117