Connect with us

Social, Education & Health

တရုတ်နိုင်ငံက အာရှလူနေမှုအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းမှုညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

အာရှလူနေမှုအဖွဲ့ အစည်းများဆွေးနွေးညှိနှိုင်းမှုညီလာခံမစတင်မီ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ မြင်ကွင်းပုံရိပ်များအား တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ)

အာရှလူနေမှုအဖွဲ့အစည်းများဆွေးနွေးညှိနှိုင်းမှုညီလာခံကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေ ၁၅ ရက် မှစတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံကို “ အာရှလူနေမှုအဖွဲ့အစည်းများအကြား အပြန်အလှန်ဖလှယ်မှုများ နှင့် လေ့လာသင်ယူမှုများ နှင့် အနာဂတ်မျှဝေမှုတစ်ခုနှင့်အတူ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။မေ ၁၅ ရက် မှ မေ ၂၂ ရက် အထိကျင်းပသွားမည့် အာရှလူနေမှုအဖွဲ့အစည်းများ ဆွေးနွေးမှုညီလာခံနှင့်အတူ အလားတူအပြန်အလှန်ယဉ်ကျေးမှုလေ့လာဖလှယ်မှုများ တိုးပွားလာအောင် ညီလာခံကို ယဉ်ကျေးမှုဆိုင်ရာ အမျိုးအစားများကွဲပြားမှု ၊ ဖလှယ်မှုများ နှင့် အပြန်အလှန်ဖလှယ်မှုများအပေါ်တွင် အလေးထားကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)