Connect with us

Social, Education & Health

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ သို့ အမေရိကန်ဒေါ်လာ ၃ သိန်းပေးအပ်လှူဒါန်း

အလှူငွေပေးအပ်ပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့ အမေရိကန်ဒေါ်လာ ၃ သိန်း အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်းကော်ရှန် (Mr. Sun Guoxiang)က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီဉက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အားအလှူငွေကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခု JMC သို့ ပေးအပ်လှူဒါန်းသည့်ငွေများကို JMC ၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်နေရာများတွင် စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်းကော်ရှန် (Mr. Sun Guoxiang)ကအလှူငွေပေးအပ်စဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုတစ်ကြိမ် မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ပေးအပ်လှူဒါန်းခြင်းက တရုတ်-မြန်မာနှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှင့် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်ကို စွဲစွဲမြဲမြဲကူညီအားပေးခြင်းကို ဖော်ပြလျက်ရှိကြောင်း၊တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များအား ဆက်လက်ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များကို လုပ်ငန်းဆောင်ရွက်သည့်အခါ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏ လိုအပ်ချက်အားကူညီရန်အသင့်ရှိကြောင်း အထူး သံတမန် မစ္စတာ ဆွန်းကော်ရှန် ကဆိုသည်။

တရုတ်နိုင်ငံသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့  ငွေကြေးနှင့် မော်တော်ယာဉ်များအား၂၀၁၇ မှစတင်ပြီး ၃ နှစ်ဆက်တိုက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အထူး သံတမန် မစ္စတာ ဆွန်းကော်ရှန်သည်  နိုဝင်ဘာလ ၈ ရက် နံနက် တွင် NRPC တွင် ငြိမ်းချမ်းရေးကော်မရှင် သို့ အမေရိကန်ဒေါ်လာ ၃ သိန်းပေးအပ်လှူဒါန်းခဲ့သည်။ အထူးသံတမန်သည် နိုဝင်ဘာလ ၆ ရက်တွင် NRPC အတွက် အမေရိကန်ဒေါ်လာ လေးသိန်း အားနေပြည်တော်တွင် ပေးအပ်လှူဒါန်းခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.