Connect with us

Social, Education & Health

တရုတ် နိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ သက်သာလာသူ ၁၀,၈၄၄ ဦး ဆေးရုံ ဆင်းခွင့်ရ 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆေးရုံတစ်ခု၌ လူနာတင်ယာဉ်ပေါ်တွင် ကလေးငယ်အား ပွေ့ချီထားသော ဆေးဝန်ထမ်း တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ၌ ဖေဖော်ဝါရီ ၁၆ ရက် နှောင်းပိုင်း အထိ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါ သက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ စုစုပေါင်း ၁၀,၈၄၄ ဦး ရှိပြီ ဖြစ်ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်၏ နေ့စဉ် အစီရင်ခံစာ အရ ဖေဖော်ဝါရီ ၁၆ ရက် တစ်ရက်ထဲတွင် ရောဂါ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၄၂၅ ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ပြည်နယ် အဆင့် ဒေသ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှု နှင့် တည်ဆောက်ရေး အဖွဲ့၏ အစီရင်ခံချက် အရ ဖေဖော်ဝါရီ ၁၆ ရက် အထိ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် စုစုပေါင်း ၁,၇၇၀ ဦး သေဆုံးခဲ့ပြီး ရောဂါ ဖြစ်ပွားသူ ၇၀,၅၄၈ ဦး ရှိကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117