Connect with us

Social, Education & Health

ဝူဟန့်မြို့ရှိ ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်းများအတွက် စနစ်တကျလုပ်ဆောင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့ရှိ ဆေးရုံများမှ အသုံးပြုပြီးသော ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စီမံလုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် အရေးတကြီးစွန့်ပစ်ရန်လိုသော ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ 

အဆိုပါ အန္တရာယ်ရှိသောလုပ်ငန်းကို ဝူဟန့်မြို့ရှိ စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများအား စီမံဖြေရှင်းပေးသော Wuhan Beihu Yunfeng သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီက ယင်းတာဝန်အား အပြည့်အဝထမ်းဆောင်နိုင်ရန် ၎င်းတို့၏ ပုံမှန်စီးပွားရေးလုပ်ငန်းများအား ရပ်တန့်ထားကာ ၎င်း၏ အမှိုက်စွန့်ပစ်မှု အဆောက်အအုံများနှင့် နည်းပညာများကို အသွင်ပြောင်းလဲခဲ့ပြီး အန္တရာယ်ရှိသော ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရေး အထူးလိုအပ်ချက် အရည်အသွေး ပြည့်မီရေးအတွက် ဝန်ထမ်းများအား လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ကုမ္ပဏီဝန်ထမ်း ၅၀ ကျော်က တစ်နေ့လျှင် ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်း ၁၅ တန်နီးပါးကို ကိုင်တွယ်ရှင်းလင်းရေးလုပ်ငန်းတွင် ရှေ့တန်းမှလုပ်ဆောင်နေကြသည်။ ယခုအချိန်အထိ ကုမ္ပဏီက သတ်မှတ်ထားသော ဆေးရုံများနှင့် ဆက်စပ်လျက်ရှိသော ဆေးရုံများထံမှ ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်း ၃၅၆ ဒသမ ၇၂ တန် ရှင်းလင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.