Connect with us

Social, Education & Health

မိဘမဲ့များကို ပိုမိုထောက်ပံ့ရန် ယွမ် ၁.၉၄ ဘီလီယံ တရုတ် ခွဲဝေချထားမည်

ကလေးငယ်များ၏ ရုပ်ပုံအား သရုပ်ဖော်ထားစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက်ခံရသည့် ကလေးငယ်များနှင့် မိဘမဲ့ ကလေးငယ်များ၏ အခြေခံ လူနေမှုဘဝ ထောက်ပံ့ကြေးအတွက် ဗဟို အစိုးရက ရန်ပုံငွေများ ပိုမို ထောက်ပံ့မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက သြဂုတ်လ ၈ ရက်က ပြောကြားခဲ့သည်။

သတ်မှတ်ထားသည့် ရန်ပုံငွေများထဲမှ ယွမ် သန်း ၇၀၀ (အမေရိကန် ဒေါ်လာ ၁၀၅.၁ သန်း) အား ယခုနှစ် ထောက်ပံ့ကြေး ရန်ပုံငွေထဲသို့ ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာန ဝက်ဘ်ဆိုဒ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ဖွံံ့ဖြိုးမှု နည်းပါးသည့် အနောက်ပိုင်း ဒေသရှိ ဒေသများတွင် အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက်ခံရသည့် ကလေးငယ်များနှင့် မိဘမဲ့ ကလေးငယ်များ အတွက် လစဉ် ထောက်ပံ့ကြေး ယွမ် ၄၀၀ စီ ရရှိပြီး တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ထိုကဲ့သို့သော ကလေးများအတွက် ထောက်ပံ့ကြေး ယွမ် ၃၀၀၊ အရှေ့ပိုင်း ပြည်နယ်များ၌ ယွမ် ၂၀၀ အသီးသီး ထောက်ပံ့ကြေးများ ရရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက်ခံရသည့် ကလေးငယ်များနှင့် မိဘမဲ့ ကလေးငယ် အရေအတွက် ၅၀၀,၀၀၀ ဦး ကျော်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.