Connect with us

Social, Education & Health

၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံက ကျောင်းသားကျောင်းသူပေါင်း ၁၃၅ သန်းကို ထောက်ပံ့ကူညီခဲ့

တရုတ်နိုင်ငံမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားကလေးငယ်များ အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂ဝ၁၈ ခုနှစ်တွင် အခြေခံပညာမှ အဆင့်မြင့်ပညာအထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူပေါင်း ၁၃၅ သန်းအတွက် ငွေကြေးဆိုင်ရာထောက်ပံ့ကူညီမှုပြုလုပ်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ထောက်ပံ့မှုသည် တရုတ်ယွမ်ငွေ ၂ဝ၄.၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃ဝ.၅ ဘီလီယံ) အထိ ရှိခဲ့ရာ ၂ဝ၁၇ ခုနှစ်ကထက် ၈.၅၄ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်သူ Ma Jianbin က ပြီးခဲ့သော ရက်သတ္တပတ်အကုန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ မူလတန်းပညာရေးမှ အခြေခံအထက်တန်းပညာရေးအထိ ၉ နှစ်တာကို မသင်မနေရ ပြဌာန်းချက်အရ ကျောင်းသားကျောင်းသူများသည် ၂ဝ၁၈ ခုနှစ်အတွင်း ကျောင်းသုံးစာအုပ်များအခမဲ့ နှင့် ကျောင်းစာရိတ်များကင်းလွတ်ခွင့် ရရှိခဲ့ကြကြောင်း Ma က ဆိုသည်။

ထို့ပြင် တက္ကသိုလ်ကောလိပ်ကျောင်းသားပေါင်း ၄၄ သန်းနီးပါးမှာလည်း ၂ဝ၁၈ ခုနှစ်အတွင်း ငွေကြေးဆိုင်ရာ ထောက်ပံ့မှု တရုတ်ယွမ်ငွေ ၁၁၅ ဘီလီယံ အထိ ရရှိခဲ့ရာ ၂ဝ၁၇ ခုနှစ်ထက် ၉.၄၈ ရာခိုင်နှုန်းထိ တိုးမြင့်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

တရုတ်အစိုးရသည် ၂ဝ၁၂ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အထိ တရုတ်ကျောင်းသားကျောင်းသူ သန်းပေါင်း ၆၂ဝ ကျော်ကို ထောက်ပံ့ကူညီမှုပြုလုပ်ခဲ့ပြီး “ ငွေကြေးအခက်အခဲကြောင့် ကျောင်းသားတစ်ဦးတစ်ယောက်မျှ ကျောင်းမထွက်ရ” ဟူသည့် ရည်မှန်းချက်ကို ယေဘူယျအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.