Connect with us

Social, Education & Health

တရုတ် နိုင်ငံရှိ တက္ကသိုလ်ကျောင်း ၆ ကျောင်း က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်း သို့ ဝင်ရောက်

တရုတ် နိုင်ငံ ရှိ ချင်းဟွာ တက္ကသိုလ် ရှိ စာကြည့်တိုက် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ QS ကမ္ဘာ့ပညာရေးအဖွဲ့အစည်း က စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းတွင် တရုတ် နိုင်ငံရှိ တက္ကသိုလ်ကျောင်း ၆ ကျောင်း က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်း သို့ ဝင်ရောက် ခဲ့ကြောင်း ကို သိရှိရသည်။

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်း တွင် တရုတ် နိုင်ငံ မှ ချင်းဟွာ တက္ကသိုလ် သည် အဆင့် ၁၀ နေရာသို့ ရောက်ရှိခဲ့ပြီး အခြား တရုတ် နိုင်ငံ မှ ဟောင်ကောင် တက္ကသိုလ် ၊ ပေကျင်း တက္ကသိုလ် ၊ ဖူတန် တက္ကသိုလ် ၊ ကျဲ့ကျန်း တက္ကသိုလ် နှင့် ရှန်ဟိုင်း လမ်းပန်းဆက်သွယ်ရေး တက္ကသိုလ် တို့မှ အကောင်းဆုံး ၅၀ စာရင်းတွင် ပါဝင် ခဲ့ကြောင်း သိရှိရသည်။

QS ကမ္ဘာ့ပညာရေးအဖွဲ့အစည်း တာဝန်ရှိသူ က တရုတ် နိုင်ငံ တက္ကသိုလ် များမှ အလွန်ထူးချွန်သည့် ကျောင်းသား များကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းပြီး ခဲ့သည့် ကျောင်းသား များ၏ နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်သော စွမ်းရည်သည်လည်း အဆက်မပြတ် တိုးမြှင့် လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

QS ကမ္ဘာ့ပညာရေးအဖွဲ့အစည်း သည် ၁၉၉၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်း နှင့် အခြား ပညာရေး နှင့် ပတ်သက်သည့် အဆင့်သတ်မှတ်ချက်များ ကို ထုတ်ပြန်လေ့ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.