Connect with us

Social, Education & Health

(B&R Forum) ခေတ်သစ် ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများတွင် ပညာသင်ယူနေသည့် တရုတ် ကျောင်းသား သုံးသိန်းခွဲကျော်ရှိ

တရုတ်နိုင်ငံမှ တက္ကသိုလ်ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများတွင် ၂၀၁၂ ခုနှစ်ကစ၍ ပညာသင်ကြားနေသည့် တရုတ်နိုင်ငံမှ ကျောင်းသား ဦးရေ ၃၅၀,၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ထျန်ရွှဲကျင် ပြောကြားချက်အရ သိရသည်။

ယင်းအနက် ကျောင်းသား ၁၁,၉၀၀ ဦးမှာ တရုတ် အစိုးရ၏ အထောက်အပံ့ဖြင့် တက်ရောက်နေခြင်း ဖြစ်ကြောင်း ထျန်က ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလကုန်ပိုင်းအထိ တရုတ်နိုင်ငံက ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၄၅ ခုအား လက်မှတ်ရေးထိုးထားခဲ့သည်။ တရုတ်နိုင်ငံနှင့် အလားတူ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၂၄ နိုင်ငံမှ ထုတ်ပေးသည့် ဒီပလိုမာများအား အပြန်အလှန် အသိအမှတ်ပြုထားကြောင်း သိရသည်။

ထို့ပြင် ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများမှ ကျောင်းသားများကိုလည်း တရုတ်နိုင်ငံသို့ လာရောက် ပညာသင်ကြားရန်အတွက် ပညာသင်ဆု အရေအတွက်များ တိုးမြှင့်ပေးအပ်ခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ၌ သက်ဆိုင်ရာ ဒေသခံ ဘာသာစကားများအား လေ့လာသင်ကြားနေသည့် တရုတ် ကျောင်းသား အရေအတွက်မှာလည်း ၂၀၁၂ ခုနှစ်မှစ၍ ၃၄၅၄ ဦး ရှိခဲ့ကြောင်း၊ အလားတူပင် ၂၀၁၇ ခုနှစ် မတ်လအထိ ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံတွင်လည်း ကွန်ဖြူးရှပ် သင်တန်းကျောင်း ၁၃၇ ကျောင်းဖွင့်လှစ်ထားကာ တရုတ်ဘာသာစကား လေ့လာသင်ယူမှု မြှင့်တင်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.