Connect with us

Social, Education & Health

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုအောက်တွင် တရုတ်၊ ယူနီဆက်၊ ယူအင်န်အက်ဖ်ပီအေတို့ ပူးပေါင်းဆောင်ရွက် တိုးမြှင့်မည်

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျူယန်တုံနှင့် ယူနီဆက် အမှုဆောင် ညွှန်ကြားရေးမှူး အန်တိုနီလိပ်ခ်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုအောက်တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် လျူယန်တုံက ပြောကြားလိုက်သည်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်သို့ တက်ရောက်လာသော ယူနီဆက် အမှုဆောင် ညွှန်ကြားရေးမှူး အန်တိုနီလိပ်ခ်နှင့် ယူအင်န်အက်ဖ်ပီအေ အမှုဆောင် ညွှန်ကြားရေးမှူး Babatunde Osotimehin တို့နှင့် မေလ ၁၆ ရက်က သီးခြားစီ တွေ့ဆုံခဲ့ရာတွင် လျူက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုက ဒေသတွင်းနှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများအား အခွင့်အလမ်း မျှဝေရန်နှင့် ဘုံ သုခချမ်းသာမှုများအား ရရှိစေမည် ဖြစ်ကြောင်း လျူက ပြောသည်။

တရုတ်နှင့် ကုလ အဖွဲ့အစည်း နှစ်ခုအကြား ကာလရှည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအား ပြန်ပြောင်း သတိရ ပြောကြားခဲ့သည်။

ကလေးသူငယ် အခွင့်အရေးများနှင့် လူဦးရေ ဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံက အောင်မြင်စွာ စွမ်းဆောင်ခဲ့မှုအပေါ် အသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ အကျိုးကျေးဇူးရှိသော ရလဒ်များအတွက် တရုတ်က ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ခေတ်သစ် ပိုးလမ်းမကြီးတွင် တရုတ်နှင့်အတူ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ အောင်မြင်စွာ ရရှိနိုင်စေမည်ဟု မျှော်လင့်ကြောင်း လိမ်ခ်နှင့် Osotimehin တို့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.