Connect with us

Sport

တရုတ် နိုင်ငံ အမျိုးသား ဘက်စကတ်ဘော အသင်း မှ အာရှ ဖလား ဘက်စတက်ဘော ပြိုင်ပွဲ တွင် ချန်ပီယံ ဆုရရှိ

တရုတ် နိုင်ငံ အမျိုးသား ဘက်စကတ်ဘော အသင်း အာရှ ဖလား ဘက်စတက်ဘော ပြိုင်ပွဲတွင် ချန်ပီယံ ဆုရယူခဲ့စဉ် (ဆင်ဟွာ)

ချန်ရှား ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ဘက်စကတ်ဘော အသင်းသည် အောက်တိုဘာ ၃ ရက်နေ့တွင် တရုတ် နိုင်ငံ ချန်ရှားမြို့ ၌ ကျင်းပ ခဲ့သည့် ၂၀၁၅ ခုနှစ် အမျိုးသား အာရှဖလား ဘက်စကတ်ဘော ပြိုင်ပွဲတွင် ၇၈ း ၆၇ မှတ် ဖြင့် ဖိလစ်ပိုင် အသင်းကို အနိုင်ရရှိကာ ၄ နှစ်ကြာ ဝေးကွာခဲ့သည့် ချန်ပီယံ ဆုအား ပြန်လည် ရရှိခဲ့ပြီး အိုလံပစ် ပြိုင်ပွဲ ဝင်ခွင့်အား ရရှိခဲ့သည်။

ယခု ရရှိခဲ့သည့် ချန်ပီယံ ဆု သည် တရုတ် နိုင်ငံ မှ ၁၆ ကြိမ်မြောက် အာရှချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံး ချန်ပီယံ ဆုရရှိခဲ့သည် မှာ ၂၀၁၁ ခုနှစ်က ဖြစ်သည်။ တရုတ် နိုင်ငံ မှ ချန်ပီယံ ဖြစ်ခဲ့သောကြောင့် အိုလံပစ် ပြိုင်ပွဲအား တိုက်ရိုက် ဝင်ခွင့်ရရှိမည် ဖြစ်ပြီး အဆင့် ၂ မှ ၄ အထိ ဖြစ်ကြသော ဖိလစ်ပိုင် ၊ အီရန် နှင့် ဂျပန် တို့မှ ဝင်ခွင့် ပြိုင်ပွဲကို ပါဝင် နိုင်ကြမည် ဖြစ်သည်။

တရုတ် နိုင်ငံ မှ ကော်ရိလွမ့် ၊ ရိကျန့်လျန် နှင့် ကျို့ချိ တို့မှ အကောင်းဆုံး အသင်း အားကစား သမား စာရင်းတွင် ပါဝင် သွားခဲ့ကြပြီး တရုတ် ကစားသမား ရိကျန့်လျန် မှ လည်း တန်ဖိုးအရှိဆုံး ဘက်စကတ်ဘော ကစားသမား (Most Valuable Player) အဖြစ် သတ်မှတ်ခံခဲ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117