Connect with us

ASEAN

တရုတ်-မလေးရှား နှစ်နိုင်ငံအကြား COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီPharmaniagaနှင့်တရုတ်နိုင်ငံ Sinovacကုမ္ပဏီအကြား ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့်အခမ်းအနားအား ဇန်နဝါရီ ၁၂ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်သည့် Pharmaniagaသည် ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ Sinovacကုမ္ပဏီနှင့်အတူ COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Sinovac ကုမ္ပဏီမှ မလေးရှားကို COVID-19 ကာကွယ်ဆေး တစ်ဝက်ကုန်ချော(Semi-finished products) (၁၄)သန်းပေးမည်ဖြစ်ပြီး ကာကွယ်ဆေးနောက်ဆုံးကုန်ချောကို Pharmaniagaကုမ္ပဏီနှင့်အတူ မလေးရှားတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီလုပ်ငန်းနှစ်ခု၏ သဘောတူညီချက်လက်မှတ် ရေးထိုးပွဲကို အွန်လိုင်းမှတစ်ဆင့်ကျင့်ပခဲ့ရာ မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob၊ ကျန်းမာရေးဝန်ကြီး Adham Baba၊ သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Khairy Jamaluddinတို့က တက်ရောက်ခဲ့ကြသည်။

မလေးရှားနိုင်ငံ သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Khairy Jamaluddinနှင့် Pharmaniaga groupကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ Zulkarnain Md Eusopeတို့ ဇန်နဝါရီ ၁၂ ရက်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

ယခုပူးပေါင်းဆောင်ရွက်မှုသည် မလေးရှား၏COVID-19 ကာကွယ်ဆေး လုံလောက်စွာဝယ်ယူနိုင်ရေးကို အထောက်အကူပြုစေမည်ဖြစ်သလို မလေးရှား၏ကာကွယ်ဆေးသုတေသနနှင့်ထုတ်လုပ်မှုကို အဆင့်မြှင့်တင်ရာတွင် အကူအညီဖြစ်စေမည်ဟု Khairy Jamaluddinက လက်မှတ်ရေးထိုးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Khairy Jamaluddinနှင့် Pharmaniaga groupကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ Zulkarnain Md Eusopeတို့ ဇန်နဝါရီ ၁၂ ရက်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

Sinovac ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်ခဲ့သည် ကိန်းဂဏန်းများက မလေးရှားအစိုးရအတွက် ကျေနပ်ဖွယ်ဖြစ်ကြောင်း ၊ ယခုကာအပိုင်းမှာပင် Pharmaniaga နှင့် Sinovacအကြား ကာကွယ်ဆေးဝယ်ယူရေး သဘောတူညီချက်ကို ချုပ်ဆိုသွားမည်ဖြစ်ရာ မလေးရှားဆေးဝါးကြီးကြပ်ရေးဌာနက အမြန်ဆုံး အသုံးပြုခွင့်ပေးသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob၊ ကျန်းမာရေးဝန်ကြီး Adham Baba၊ သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Khairy Jamaluddinတို့ရှေ့မှောက်တွင် Pharmaniaga groupကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ Zulkarnain Md Eusopeက ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ လျင်မြန်စွာ ပြန့်ပွားနေဆဲဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာရ အရေးပေါ်အခြေအနေကျင့်သုံး၍ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းသွားရန် မလေးရှားဘုရင် ဆူလ်တန် အဗ္ဗဒူလာက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်Muhyiddin Yassinက ဇန်နဝါရီ ၁၂ ရက်က ကြေညာခဲ့သည်။ (Xinhua)
—————————————
(Chinese Version)

 (国际疫情)中马企业签署新冠疫苗合作协议

 新华社吉隆坡1月12日电(记者林昊 郁玮)马来西亚国有大型制药企业发马公司12日与中国科兴公司签署新冠疫苗合作协议。根据协议,科兴公司将逐步向马来西亚提供1400万剂新冠疫苗半成品,与发马公司合作在马来西亚本土完成疫苗最终生产。
两家企业签约在线上完成。马来西亚国防部长伊斯梅尔•萨布里•雅各布、卫生部长阿扎姆以及科学、工艺和创新部长哈伊里•贾迈勒丁在吉隆坡出席了签约仪式。
 哈伊里在签约仪式后的新闻发布会上表示,马政府乐见发马与科兴签署新冠疫苗合作协议,这一合作不仅有助于马来西亚采购足够的新冠疫苗,也有助于马来西亚提高疫苗研发和生产水平。
  他说,马政府对科兴疫苗的临床试验数据感到满意,将在近期与科兴和发马签署疫苗采购协议,希望马药品监管部门尽快批准使用。
 马来西亚新冠疫情仍在快速蔓延。总理穆希丁12日宣布,最高元首阿卜杜拉已经同意在全国范围内实施紧急状态以应对疫情。(完)
图说1:
新华社照片,吉隆坡,2021年1月12日
(国际疫情)中马企业签署新冠疫苗合作协议 新华社记者 朱炜 摄
图说2-3:
1月12日,在马来西亚吉隆坡,马来西亚科学、工艺和创新部长哈伊里•贾迈勒丁(左)与发马公司执行董事祖勒卡纳因在签约仪式后出席新闻发布会。
图说4:
1月12日,在马来西亚吉隆坡,发马公司执行董事祖勒卡纳因(前)在马来西亚国防部长伊斯梅尔•萨布里•雅各布(后中)、卫生部长阿扎姆(后右)以及科学、工艺和创新部长哈伊里•贾迈勒丁(后左)的见证下签署协议。