Connect with us

CHINA

ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရန် တရုတ်-ကနေဒါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြုပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၁၃ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ မေ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံနှင့်အတူ ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကျောက်လိကျန်းက မေ ၁၃ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက  ကနေဒါနိုင်ငံတွင် အနာဂတ်ကာလ ကာကွယ်ဆေးစမ်းသပ်မှုများ ပြုလုပ်နိုင်ရန် လမ်းခင်းသည့်အနေဖြင့် တရုတ်နိုင်ငံ  CanSino Biologics Inc နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ကနေဒါနိုင်ငံ အမျိုးသားသုတေသနကောင်စီက မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု သိရကြောင်း ၊ တရုတ်-ကနေဒါ နှစ်နိုင်ငံ၏ ကာကွယ်ဆေးသုတေသနလုပ်ငန်းအပါအဝင် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သဘောထားရှိကြောင်း မေးမြန်းခဲ့သည်။ 

ထိုမေးမြန်းချက်အပေါ် ကျောက်လိကျန်းက COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံသည် အပြန်အလှန်အားပေးကူညီဖေးမခဲ့ကြသလို ကပ်ရောဂါဖြေရှင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တက်တက်ကြွကြွဆောင်ရွက်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံအစိုးရ၏ ကနေဒါနိုင်ငံသို့ ပေးအပ်လှူဒါန်းသော တန်ချိန် ၃၂ တန်ရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများ ယခုရက်အပိုင်းအတွင်း ကနေဒါသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ ကနေဒါနိုင်ငံက တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများဝယ်ယူရာတွင်လည်း အဆင်ပြေလွယ်ကူမှုရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုသည်။

ဗိုင်းရပ်ရောဂါပိုးသည် နယ်မြေမခြားတည်ရှိနိုင်ရာ လူသားတစ်ရပ်လုံး ရင်ဆိုင်နေရသည့် ဘုံရန်သူဖြစ်ကြောင်း ၊ ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရန်မှာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး၏အရေးကြီးဆုံးလုပ်ငန်းဖြစ်သလို လူသားတို့ ကပ်ရောဂါစစ်ဆင်ရေးကို အနိုင်တိုက်ဖျက်ရန် အရေးကြီးသော့ချက်လည်းဖြစ်ကြောင်း ၎င်းက  ဆိုသည်။၊ ဆေးဝါး၊ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရေး  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ၊ မိမိတို့အနေဖြင့် ကနေဒါနိုင်ငံ၊နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ COVID-19 ရောဂါ ကုသမှုဆေးဝါးသုတေသနပြုထုတ်လုပ်ရေးကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားကာ ကမ္ဘာ့ ကျန်းမာရေး လုံခြုံမှုနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း  ပြောကြားခဲ့သည်။ (Xinhua)