Connect with us

CHINA

တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံက COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု စံနမူနာဖြစ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ယန်မြို့ရှိ Shenyang Taoxian အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်မည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား လေယာဥ်ပေါ်သို့ တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ထိရောက်မှုရှိပြီး အသုံးဝင်သော အတွေ့အကြုံများ ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် နမူနာကောင်းတစ်ခု ချမှတ်နိုင်ခဲ့ကြောင်း မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရှီက တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကူးစက်ရောဂါ ပူးတွဲကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ဦးဆောင်တည်ထောင်ခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

၎င်းတို့၏ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံလုံး၏ ကူးစက်ရောဂါ တိုက်ဖျက်ရန် ထောက်ပံ့ကူညီလျက်ရှိကြောင်းနှင့် “အိမ်နီးချင်းကောင်းဟူသည် ရွှေရောင်းဝယ်ရန် အတွက် မဟုတ်” ဟူသော စည်းမျဉ်းကိုလည်း သရုပ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ရှီက ထောက်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ မွန်ဂျေအင်က တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် COVID-19 တိုက်ဖျက်ရေးတွင် တူညီသော ချဉ်းကပ်ပုံများနှင့် ဆောင်ရွက်ချက်များရှိကြောင်းနှင့် ၎င်းတို့၏ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှာလည်း အောင်မြင်မှုများရရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် နှစ်နိုင်ငံတို့သည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ခိုင်မာသော လက္ခဏာပြသရန် “မြန်ဆန်သောလမ်းကြောင်း” ဖန်တီးရာတွင် ဦးဆောင်ခဲ့ကြောင်းနှင့် ကမ္ဘာအတွက် နမူနာကောင်းတစ်ခုအဖြစ် ဖော်ပြခဲ့ကြောင်း မွန်က မှတ်ချက်ပြုခဲ့သည်။  (Xinhua)