Connect with us

CHINA

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် လူပေါင်း ၁.၂၁ သန်း COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇန်နဝါရီ ၃ ရက်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းက COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကွမ်ကျိုး ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ပြန်ကြားရေးဌာနက ဇန်နဝါရီ ၈ ရက် ၌ သတင်းစာရှင်းလင်းပွဲကျင်းပ ပြုလုပ်ရာတွင် ကွမ်တုန်းပြည်နယ်အတွင်း အဓိကလူထုများကို စည်းစနစ်ကျနစွာ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက် အချိန်ထိ ကွမ်တုန်းပြည်နယ်အတွင်း လူပေါင်း ၁.၂၁၀၉ သန်းကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း ကြေညာခဲ့သည်။

ကွမ်တုန်းပြည်နယ် ကျန်းမာရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဟွမ်ဖေး က ကွမ်တုန်းပြည်နယ်တွင် လက်ရှိချိန်၌ ဦးစားပေးဆိပ်ကမ်းမြို့တော်များအလိုက် အဓိက ဦးစားပေး လူထုများပုံစံဖြင့် စည်းစနစ်ကျနစွာ ကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း ၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် အေးခဲစားသောက်ကုန် သွင်းကုန်လုပ်ငန်းတွင် တာဝန်ထမ်းဆောင်သူများ ၊ သီးသန့်ခွဲခြားနေထိုင်စေသည့် နေရာတွင် လုပ်ငန်းတာဝန်ထမ်းဆောင်ရသူများ ၊ နယ်စပ်ဝင်ပေါက်များတွင် လုပ်ငန်းဆောင်ရွက်သူများ ၊ ပြည်တွင်းနယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းများ ၊ ဆေးဝါးကုသမှုလုပ်ငန်းများတွင် ရှေ့တန်း၌ ဆောင်ရွက်နေသူများနှင့် လူမှုအသိုင်းအဝိုင်းတွင် ရှေ့တန်း၌ ကပ်ရောဂါကာကွယ်ရေး ဆောင်ရွက်နေသည့် အဓိကလူထုများပါဝင်ကြောင်း ၊ ၎င်းတို့အား အခြေခံအားဖြင့် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းပြီးစီးသွားခဲ့ပြီး လတ်တလောကာလအတွင်း လေကြောင်းလိုင်းများ နှင့် ရထားလမ်းကြောင်းများတွင် တာဝန်ထမ်းဆောင်သူများကို အဓိကထား၍ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းဆောင်ရွက်ရာတွင် လုံခြုံမှုရှိရန်အတွက် ကွမ်တုန်းပြည်နယ် အနေဖြင့် အဆင့် ၂ အထက်ရှိ အထွေထွေ ရောဂါကုဆေးရုံများ နှင့် ကာကွယ်ဆေး ထိုးနှံပေးသည့်ဌာနများနှင့် နယ်မြေအလိုက် လုပ်ငန်းဆောင်ရွက်သည့် စည်းစနစ်များကို သတ်မှတ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ထွက်ပေါ်လာနိုင်သော အခက်အခဲ နှင့် ထူးခြားချက်များကို အချိန်မီရင်ဆိုင်ဖြေရှင်းသွားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ထို့ပြင် ဟွမ်ဖေး က ကွမ်တုန်းပြည်နယ် အနေဖြင့် ကာကွယ်ဆေးထိုးနှံမှု သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်ကို ဘက်စုံဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူသူများ၏ အချက်အလက်များကို မှတ်တမ်းတင်ကာ ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများအားလုံးနှင့် ပတ်သက်သည့် အချက်အလက် အားလုံးကို ပြန်လည် ရှာဖွေစစ်ဆေးနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)
(聚焦疫情防控)广东已有121万人接种新冠病毒疫苗
2021-01-08 12:52:11 分类: 社会
  新华社广州1月8日电(记者徐弘毅)记者8日从广东省政府新闻办举行的新闻发布会上获悉,广东有序推动重点人群新冠病毒疫苗接种工作,截至1月7日,全省已累计接种121.09万人。
  广东省卫生健康委员会副主任黄飞介绍,广东省目前正在按照优先口岸城市、优先重点人群的方式有序推进疫苗接种工作。其中直接接触进口冷链食品从业人员、隔离场所工作人员、入境人员闭环管理从业人员、内地跨境司机、医疗机构一线医务人员、基层一线防疫人员等重点人群已基本完成首针疫苗接种工作,近期重点聚焦民航、铁路等春运一线人员的接种。
  为做到规范安全接种,广东省建立二级以上综合医院与接种单位实施划片分区对口驻点工作机制,确保及时处置应对疫苗接种出现的问题和异常情况。
黄飞说,广东省全面使用疫苗接种管理信息系统,落实个人接种疫苗信息登记和报告,确保每一支疫苗信息“来源可查、去向可追”。(完)

Photo
2021年1月3日,在位于北京市西城区广安门外街道红莲社区卫生服务站的接种点,医护人员为接种人员注射疫苗。新华社记者 张晨霖 摄