China
APEC ဒုတိယအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးကို မေ ၁၈ ရက်မှ မေ ၁၉ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ဒုတိယအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးကို တရုတ်ဘက်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယခုနှစ် မေ ၁၈ ရက်မှ မေ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
APEC အဆင့်မြင့်အရာရှိ အစည်းအဝေးသည် ခေါင်းဆောင်များအစည်းအဝေးအတွက် အောင်မြင်မှုရလဒ်များ ပြင်ဆင်ပေးသည့် အဓိကလမ်းကြောင်းဖြစ်ပြီး နှစ်စဉ်တွင် ၄ ကြိမ်မှ ၅ ကြိမ်အထိ ကျင်းပလေ့ရှိကြောင်း၊ ၂၀၂၆ ခုနှစ် APEC အိမ်ရှင်နိုင်ငံအဖြစ် တရုတ်ဘက်က APEC ဒုတိယအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးကို မေ ၁၈ ရက်မှ မေ ၁၉ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် ယခုနှစ် APEC ပူးပေါင်းဆောင်ရွက်မှုအပေါ် သုံးသပ်စိစစ်သွားမည်ဖြစ်ပြီး အစောပိုင်း ရလဒ်များကို စုစည်းကာ ဒုတိယနှစ်ဝက် အခမ်းအနားများနှင့် ခေါင်းဆောင်များ အစည်းအဝေး ရလဒ်များအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဒါ့အပြင် ယခုအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးမကျင်းပမီ APEC မှ ကော်မတီအသီးသီး၊ လုပ်ငန်းအဖွဲ့များကလည်း ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသမီး၊ ဆက်သွယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး စတဲ့ နယ်ပယ်များနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးပွဲ ၄၀ နီးပါးကို မေ ၁၁ ရက်မှ မေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်။ APEC ရဲ့ အဖွဲ့ဝင် စီပွားရေးအစုအဖွဲ့၊ အတွင်းရေးမှူးရုံး၊ လေ့လာစောင့်ကြည့်ရေးမှ ကိုယ်စားလှယ် ၁,၀၀၀ ကျော် အစည်းအဝေးတက်ရောက်မယ်လို့ ခန့်မှန်းရပါတယ်”ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
အစည်းအဝေးကျင်းပရာနေရာ ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးအချက်အချာမြို့နှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော စီးပွားရေးဗဟိုချက်ဖြစ်ကြောင်း၊ ရှန်ဟိုင်းစီးပွားရေးစုစုပေါင်းပမာဏသည် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းမြို့ ၅ မြို့တွင် ပါဝင်ပြီး ဆိပ်ကမ်းကုန်သွယ်ရေးပမာဏ၊ ကွန်တိန်နာတင်သွင်းတင်ပို့မှုပမာဏမှာ ကမ္ဘာ့နံပါတ် ၁ တွင် ရပ်တည်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“သတင်းထောက်မိတ်ဆွေများအနေနဲ့ ဒုတိယအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးသက်ဆိုင်ရာအခြေအနေတွေကို နီးနီးကပ်ကပ်စောင့်ကြည့်ပြီး သတင်းဖော်ပြပေးဖို့၊ APEC ‘တရုတ်နှစ်’ ကို ဆက်လက်အာရုံစိုက်ပြီး ထောက်ခံအားပေးဖို့ ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
亚太经合组织第二次高官会将于5月18日至19日在上海举办
新华社北京5月14日电(记者万倩仪)外交部发言人郭嘉昆14日表示,中方将于今年5月18日至19日在上海举办亚太经合组织(APEC)第二次高官会。
郭嘉昆在例行记者会上表示,APEC高官会是为领导人会议准备成果的主渠道,每年举办四到五次。作为2026年APEC东道主,中方将于5月18日至19日在上海举办APEC第二次高官会。本次会议将对今年APEC合作进行年中盘点,汇聚早期收获,为下半年各场活动和领导人会议成果做好铺垫。
“此外,本次高官会前,APEC各委员会、工作组也会于5月11日至17日举行近40场会议,涉及贸易投资、经济技术合作、妇女、电信、粮食安全等领域。预计将有来自APEC各成员经济体、秘书处、观察员等超过1000名代表与会。”郭嘉昆说。
郭嘉昆表示,会议举办地上海是中国最大的经济中心城市和全球重要的经济枢纽。上海经济总量跻身全球城市前五,口岸贸易额、集装箱吞吐量保持全球第一。“我们欢迎各位记者朋友密切跟踪报道第二次高官会有关情况,继续关注和支持APEC‘中国年’。”(完)
图说:2025年12月12日,2026年亚太经合组织(APEC)非正式高官会发布APEC“中国年”会标。新华社记者 金良快 摄
