Connect with us

CHINA

ပေကျင်းမြို့တော်တွင် ၉ ရက်ဆက်တိုက် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုအသစ်မရှိကြောင်းသိရ

တရုတ်နိုင်ငံ ပေကျင်းမြို့ ဖုန်းထိုင်ခရိုင်ရှိ ရှင်းဖားတိဈေးတွင် ပိုးသတ်ဆေးဖျန်းနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဇူလိုင် ၁၄ ရက်က COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုအသစ်မရှိကြောင်း မြို့တော် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားလိုက်သည်။ 

ယင်းအခြေအနေသည် မြို့တော်အတွင်း ၉ ရက်ဆက်တိုက် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုအသစ်မရှိသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ရောဂါလက္ခဏာမပြသူများ သို့မဟုတ် သံသယရှိလူနာများလည်း မရှိခဲ့ပေ။ ဇူလိုင် ၁၄ ရက်တွင် ရောဂါသက်သာလာပြီး နောက်ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၁၄ ဦးရှိကြောင်း ကော်မရှင်၏ နေ့စဉ်အစီရင်ခံစာအရ သိရသည်။ 

ပေကျင်းမြို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ COVID-19 ရောဂါ ပြည်တွင်း၌ ကူးစက်မှု အတည်ပြုလူနာ ၃၃၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၁၉၁ ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသနေဆဲဖြစ်ပြီး ၁၄၄ ဦးမှာမူ ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ရောဂါလက္ခဏာမပြသူ ၁၈ ဦးကိုလည်း ကျန်းမာရေးစောင့်ကြည့်နေဆဲဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။  (Xinhua)