Connect with us

CHINA

တရုတ်နိုင်ငံ၌ COVID-19 လူနာ ၂၄၅ ဦးအား convalescent plasma ကုထုံးဖြင့် ကုသထားပြီး ရလဒ်ကောင်းများ ရရှိ

တရုတ်နိုင်ငံ၌ ပြန်လည် သက်သာလာခဲ့သော COVID-19 လူနာ တစ်ဦးက သွေးရည်ကြည် လှူဒါန်းရန် ပြင်ဆင် နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၈ ရက် အထိ COVID-19 လူနာ ၂၄၅ ဦးကို နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19)ကုထုံး တစ်ခုဖြစ်သော convalescent plasma ကုထုံးဖြင့် ကုသရန် ဆောင်ရွက်ခဲ့ပြီး လက်တွေ့ ကုသမှု အညွှန်းကိန်းများ နှင့် လက္ခဏာများတွင် ကုသမှု ၉၁ ခုမှာ တိုးတက်မှုများ ရှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံအနှံ့ရှိ COVID-19 ရောဂါ ကုသပျောက်ကင်းသွားသူများထံမှ လှူဒါန်းသော ၎င်းတို့၏ ပဋိဇီဝ ပစ္စည်းများ ပါဝင်သော သွေးရည်ကြည်(convalescent plasma)ကို လက်ခံရရှိခဲ့ပြီး ကုသမှု ခံယူနေသော လူနာများအား ဆေးအကြိမ်ရေ ၅၄၄ ကြိမ်စာ အထိ ပေးနိုင်သည် အထိ ရရှိထားကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က အရာရှိ ကော်ရန့်ဟုန်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ကုထုံးမှာ ဘေးကင်းစိတ်ချရပြီး အကျိုးထိရောက်မှု ရှိသည်ကို သက်သေပြခဲ့ပြီးဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် ပြည်နယ် နှင့် အမျိုးသား အဆင့် အသီးသီးတို့တွင် ကျွမ်းကျင်သည့် အလုပ်အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး convalescent plasma ကုထုံး အသုံးပြုပုံကို တိုးတက်မှု ရှိစေရန် နှင့် အသေးစိတ် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း ကော်ရန့်ဟုန်က ပြောကြားခဲ့ပြီး အမျိုးသား ကျန်းမာရေး ကော်မရှင်သည် အခြား တာဝန်ရှိသူများနှင့် အတူ ပူးပေါင်း၍ ရောဂါ သက်သာပျောက်ကင်းသွားသောလူနာများ သွေးရည်ကြည်များ ပို၍ လှူဒါန်းလာစေရေး ဆောင်ရွက်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)