Connect with us

CHINA

ပေကျင်းမြို့တွင် အာခေါင်တို့ဖတ်မှ COVID-19 ရောဂါစမ်းသပ်မှုအတွင်း ရောဂါတွေ့ရှိသူ ၄၆ ဦးရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ဒေသခံများ nucleic acid စစ်ဆေးမှုပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တစ်ဝန်းရှိ လယ်ယာထွက်ကုန် လက်ကားဈေးများနှင့် ဈေးဝယ်စင်တာကြီးများတွင် ဇွန် ၁၂ ရက်က nucleic acid စစ်ဆေးရန် အာခေါင်တို့ဖတ်ယူ၍ COVID-19 ရောဂါစစ်ဆေးမှုအတွင်း လူ ၄၆ ဦး၌ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၁၃ ရက်တွင် ပြောကြားလိုက်သည်။ 

ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာဝန်ထမ်းများက ဈေးများအတွင်း လူပေါင်း ၁,၉၄၀ ဦးကို nucleic acid စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ပေကျင်းမြို့ရှိ အဓိကလက်ကားဈေးကြီးဖြစ်သော Xinfadi ဈေးမှ အာခေါင်တို့ဖတ်ဖြင့် နမူနာ ၅၁၇ ခု စုစည်းစစ်ဆေးခဲ့ရာ ၄၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ဒုတိယအကြီးအကဲ Pang Xinghuo က ဇွန် ၁၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

နောက်ထပ် ရောဂါပိုးတွေ့ရှိသူတစ်ဦးအား ပေကျင်းမြို့ရှိ ဟိုင်တျန်ခရိုင်ရှိ လယ်ယာထွက်ကုန်ဈေးမှ နမူနာများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် Xinfadi ဈေးမှ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရောဂါတွေ့ရှိသူ ၄၆ ဦးစလုံးသည် ရောဂါလက္ခဏာပြသခြင်းမရှိကြောင်းနှင့် ၎င်းတို့အား တင်းကြပ်သော စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်မှုအောက်တွင် ထားရှိကြောင်း သိရသည်။  (Xinhua)