Connect with us

COVID-19 UPDATES

COVID-19 တိုက်ဖျက်ရန် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ထောက်ခံချက်ပေး

ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေအဖွဲ့(WHO) ရုံးချုပ် အဝင်မုခ်ဦးအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊မေ ၉ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကာကွယ်ဆေး၏ ကြီးမားသောအခန်းကဏ္ဍကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မေ ၈ ရက်တွင် ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။

အရေးပေါ်သုံးစွဲရန် ကာကွယ်ဆေး၏ ဘေးကင်းမှု ၊ အာနိသင်ရှိမှု နှင့် အရည်အသွေးပြည့်ဝမှုအပေါ် ထောက်ခံချက်ပေးခဲ့ကြောင်း WHO ၏ ထုတ်ပြန်ချက် အရ သိရသည်။ ယင်းဆုံးဖြတ်ချက်သည် နိုင်ငံများအကြား အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ဆေးဖြန့်ဖြူးရာတွင် ညီတူညီမျှမှုရှိစေရန် ရည်ရွယ်၍ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ဖြင့်ထုတ်လုပ်နေသော COVAX ကာကွယ်ဆေးအပါအဝင် ၎င်း၏ ကာကွယ်ဆေးရရှိရေး လမ်းကြောင်းကို ဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

inactivated vaccine ကာကွယ်ဆေးအတွက် လိုအပ်သော သိုလှောင်သိမ်းဆည်းရန် အခြေအနေများမှာ ရိုးရှင်းလွယ်ကူသဖြင့် အရင်းအမြစ်မကြွယ်ဝသော အခြေအနေတွင် အသုံးပြုရန်အတွက် အထူးသင့်လျော်ကောင်းမွန်သည်။ ထို့ပြင် အခြားတစ်ဖက်တွင်လည်း COVID-19 ကာကွယ်ဆေး ဆိုးဆိုးရွားရွား လိုအပ်ချက်ရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း အများဆုံးအကျိုးကျေးဇူး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေ ၅ ရက်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၁.၁ ဘီလီယံကျော်ရှိကြောင်း ၊ သို့သော် ယင်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ ချမ်းသာကြွယ်ဝသော ၊ ဝင်ငွေ မြင့်မားသော – ဝင်ငွေ အလယ်အလတ်တန်းရှိသော နိုင်ငံများမှ ပြည်သူများဖြစ်ကြကြောင်း ၊ ၀.၃ ရာခိုင်နှုန်းမျှသာ ဝင်ငွေနိုမ့်နိုင်ငံများအတွက် ထိုးနှံပေးထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom Ghebreyesus ၏ ပြောကြားချက် အရ သိရသည်။

လက်ရှိအချိန်ထိ WHO သည် BioNTech ၊ Moderna နှင့် အခြား ကာကွယ်ဆေးအချို့ကိုသာ COVID-19 တိုက်ဖျက်ရေး အရေးပေါ်သုံးစွဲရန် ထောက်ခံချက် ထုတ်ပေးထားကြောင်း သိရသည်။တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးသည် အနောက်နိုင်ငံတစ်နိုင်ငံမှ ထုတ်လုပ်ထားခြင်းမဟုတ်သော ထောက်ခံအတည်ပြုချက်ရရှိသည့် ပထမဆုံး ကာကွယ်ဆေးဖြစ်လာသည်။

တရုတ်နိုင်ငံအနေဖြင့် COVID-19 တိုက်ဖျက်ရာ၌ ၎င်းတို့၏ ကာကွယ်ဆေးများကို ကမ္ဘာ့ကုန်စည်တစ်ခုဖြစ်လာရန် သန္နိဌာန်ချမှတ်ထားပြီး WHO ၏ ထောက်ခံအတည်ပြုချက်ရ ကာကွယ်ဆေးအဖြစ်နောက်ထပ် ခိုင်မာသောခြေလှမ်းတစ်ရပ်ကို တက်လှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)
———————————–
(English Version)
WHO endorsement of Chinese vaccine injects impetus to COVID-19 fight
BEIJING, May 8 (Xinhua) — The World Health Organization (WHO) gave emergency use approval to a Chinese COVID-19 vaccine on Friday, a move to enable the vaccine’s bigger role in the fight against the pandemic.
The safety, efficacy and quality of the vaccine underpin the emergency approval, according to the WHO. The decision also paves the way for it to be included in COVAX, the global program that aims to ensure fair and equitable distribution of vaccines among countries — especially developing ones.
The inactivated vaccine requires easy storage conditions, which makes it highly suitable for use in low-resource settings. In other words, developing countries, where COVID vaccines are badly needed, could benefit the most.
As of Wednesday, more than 1.1 billion COVID-19 vaccine doses had been administered globally, but over 80 percent of those had been administered in high and upper-middle income countries, while just 0.3 percent in low-income countries, according to WHO Director General Dr. Tedros Adhanom Ghebreyesus.
So far, the WHO has issued emergency use listings to vaccines against COVID-19 made by BioNTech, Moderna and some others. The Chinese vaccine is the first from a non-Western country to gain approval.
China has vowed that its vaccines against COVID-19 will become a global public good, and the vaccine’s getting WHO approval is another concrete step. Enditem

Photo taken on Jan. 22, 2020 shows an exterior view of the headquarters of the World Health Organization (WHO) in Geneva, Switzerland. (Xinhua/Liu Qu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.