Connect with us

Africa & Middle East

Al-Aqsa ဗလီ၌ ပါလက်စတိုင်းနှင့် ပဋိပက္ခဖြစ်ပွားခဲ့သော အစ္စရေးအား အီရန်ရှုံ့ချ

အစ္စရေးနိုင်ငံ Al-Aqsa ဗလီရှေ့တွင် လုံခြုံရေးယူနေသော အစ္စရေးတပ်ဖွဲ့ဝင်များအား မေ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၉ ရက်(ဆင်ဟွာ)

ဂျေရုဆလမ်မြို့ အရှေ့ဘက်တွင် တည်ရှိသော Al-Aqsa ဗလီအား အစ္စရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်ပဋိပက္ခအတွင်း လူ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျူးအခြေချနေထိုင်သူများက ပါလက်စတိုင်းများအား ၎င်းတို့နေအိမ်များကိုစွန့်ခွာပြီး ယင်းနေရာမှ ထွက်ခွာသွားရန် အတင်းအကြပ်တောင်းဆိုခဲ့ပြီးနောက် Al-Aqsa ဗလီဝင်းအတွင်း သောကြာနေ့ညပိုင်းတွင် နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းလူမျိုး စုစုပေါင်း ၂၀၅ ဦး နှင့် အစ္စရေးရဲတပ်ဖွဲ့ဝင် ၁၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့သော အစ္စရေးနိုင်ငံရှိ Al-Aqsa ဗလီအား မေ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့သော အစ္စရေးနိုင်ငံရှိ Al-Aqsa ဗလီအား မေ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့သော အစ္စရေးနိုင်ငံရှိ Al-Aqsa ဗလီအား မေ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က အစ္စရေးရဲတပ်ဖွဲ့၏ လုပ်ရပ်ကို “ စစ်ရာဇဝတ်မှု” တစ်ခုအဖြစ် အမည်တပ် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် အခြားသော ဆက်စပ်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်“ ၎င်းတို့၏တိကျသောတာဝန်ကို အပြည့်အဝလုပ်ဆောင်သွားရန်” အီရန်နိုင်ငံက တောင်းဆိုကြောင်း Khatibzadeh က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)
————————————
(English Version)
Iran condemns Israel for clashes with Palestinians at Al-Aqsa Mosque
TEHRAN, May 8 (Xinhua) — Iran’s Foreign Ministry on Saturday strongly condemned the Israeli police for an operation at the Al-Aqsa Mosque in East Jerusalem, which left hundreds injured in clashes, official IRNA news agency reported.
A total of 205 Palestinians and 17 Israeli police officers were injured in clashes at the Al-Aqsa Mosque Compound on Friday night, following a ruling that forced Palestinians to leave their homes on land claimed by Jewish settlers.
Saeed Khatibzadeh, the spokesman for Iran’s Foreign Ministry, denounced the Israeli police operation as a “war crime.”
Iran, Khatibzadeh added, calls on the United Nations and other relevant international organizations to “fulfill their definite duty” in dealing with the incident.

Israeli police are seen during clashes at the Al-Aqsa Mosque compound in East Jerusalem on May 7, 2021. (Photo by Muammar Awad/Xinhua)