Connect with us

INTERNATIONAL ORGANIZATION

ဗီဇပြောင်းဗိုင်းရပ်စ် ထပ်မံအသွင်ပြောင်းခြင်းကို ဂျပန်တွင် ပထမဆုံးတွေ့ရှိရ

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Kobeမြို့ တွင် ယခင်က ပြည်တွင်း၌မတွေ့ရှိရသေးသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကိုတွေ့ရှိခဲ့ရာ ၎င်းမှာ ဗြိတိန်၌တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်၏ ထပ်မံအသွင်ပြောင်းမှုဖြစ်သည်ဟု Kobeမြို့အစိုးရက ဇွန် ၁ ရက်တွင် ကြေညာခဲ့ကြောင်း NHK သတင်းများအရ သိရသည်။
ယင်းဗိုင်းရပ်စ်၏ကူးစက်မှုနှင့် ရောဂါပြင်းထန်နိုင်မှုအန္တရာယ်လက္ခဏာများသည် ပြောင်းလဲမှုမရှိဟု Kobeမြို့အစိုးရက လက်ရှိတွင် ယူဆထားသည်။အသက်(၅၀)အရွယ် Kobeမြို့နေ အမျိုးသားတစ်ဦးက မေ ၁၇ ရက် ဆေးရုံတွင် nucleic acidစစ်ဆေးစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု Kobeမြို့အစိုးရက ပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။ မြို့ကျန်းမာရေးသိပ္ပံသုတေသနဌာနက မျိုးရိုးဗီဇစစ်ဆေးလေ့လာကြည့်ရာတွင် ယင်းအမျိုးသား ကူးစက်ခံရသည့်ဗိုင်းရပ်စ်သည် ဗြိတိန်၌တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်၏ ထပ်ဆင့်အသွင်းပြောင်းမှုဖြစ်ပြီး ဂျပန်တွင် ပထမဆုံးတွေ့ရှိရခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းအမျိုးသားနှင့်မိသားစုဝင်များသည် နိုင်ငံခြားသို့သွားရောက်သည့်မှတ်တမ်းမရှိခြင်းကြောင့် ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်းပြောင်းလဲခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း Kobeမြို့အစိုးရက ပြောကြားခဲ့သည်ဟု သတင်းများအရ သိရသည်။ (Xinhua)

——————————————
(Chinese Version)

变异毒株再变异!日本首次发现

据日本广播协会(NHK)消息,日本神户市政府当地时间6月1日宣布,该市确认检测到日本境内未曾发现过的新冠病毒新变异毒株,是由此前在英国发现的变异毒株变异而来,神户市政府目前认为传染性和恶化风险等特征不会改变。

报道称,神户市政府表示,市内一名50多岁男性5月17日在医疗机构接受核酸检测时确诊感染新冠病毒。该市健康科学研究所进行基因分析并详细调查后发现,这名男性感染的病毒是由在英国发现的变异毒株进一步变异而来,为日本境内首现。

据报道,神户市政府表示,这名男性及其家人最近都没有出国史,估计病毒应该是在该男性体内发生了变异。(可凡)
编辑:王晶晶

图说1:这是1月22日,日本东京的一名行人戴口罩经过防疫信息海报的资料照片。 新华社记者 杜潇逸 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.