Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က အနာဂတ် တွင် COVID-19 ရောဂါ ကာကွယ်ဆေး အား အထူးသတ်မှတ်ထားသူ များကို ဦးစွာ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဂျနီဗာ ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အနာဂတ် တွင် COVID-19 ရောဂါ ကာကွယ်ဆေး တရားဝင် စတင်အသုံးပြုချိန်တွင် ကနဦး ကာလ ၌ ကာကွယ်ဆေး က အကန့်အသတ် ရှိသဖြင့် နိုင်ငံ အသီးသီး ၏ အထူးသတ်မှတ်ထားသူများကိုသာ ဦးစွာ ထောက်ပံ့ပေးမည် ဖြစ်ပြီး အချို့နိုင်ငံများ၏ ပြည်သူအားလုံးကို ထောက်ပံ့ပေးမည် မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် က စက်တင်ဘာ ၄ ရက် ၌ ပြောကြား ခဲ့သည်။

တက်ဒရော့စ် က သတင်းစာ ရှင်းလင်းပွဲ တွင် မိမိ တို့ အနေဖြင့် လာမည့် လအနည်းငယ် အတွင်း COVID-19 ရောဂါ ကာကွယ်ဆေး နှင့် ပတ်သက်၍ သတင်းကောင်း ကြားသိလိုကြောင်း ၊ လုံခြုံပြီး ထိရောက်သည့် ကာကွယ်ဆေး ရရှိသည့် တစ်ချိန်တည်း တွင် အစောပိုင်း ကာလ၌ ကာကွယ်ဆေး အရေအတွက် က အကန့်အသတ် ရှိသောကြောင့် အရေးပါသည့် ဌာန တွင် တာဝန်ထမ်းဆောင် ရသူ နှင့် အန္တရာယ်များ သည့် နယ်ပယ် တွင် လုပ်ကိုင်ရသူများ ကို ဦးစွာ ထိုးသွင်းပေးမည် ဖြစ်ကြောင်း ၊ ဦးစွာ ကာကွယ်ဆေး ထိုးပေးမည့်သူများ တွင် သက်ကြီးရွယ်အို နှင့် ရောဂါ အခြေခံရှိသူများ ပါဝင်ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း က ကျင့်ဝတ်အရ တာဝန်ယူခြင်းဖြစ်ပြီး အများပြည်သူ ကျန်းမာရေး တာဝန် အရ လိုအပ်သည့် ဆောင်ရွက်မှုဖြစ်ကာ စီးပွားရေး အခြေအနေ အရလည်း ဖြစ်ကြောင်း ၊ နောက်ပိုင်း အချိန်တွင် ကာကွယ်ဆေး ထုတ်လုပ်မှု က တိုးမြင့်လာမည် ဖြစ်ပြီး လူတိုင်း ကာကွယ်ဆေး ထိုးသွင်းနိုင်သည့် အခွင့်အရေး ရရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တက်ဒရော့စ် က လက်ရှိချိန်တွင် COVID-19 ရောဂါ ကာကွယ်ဆေး ၉ မျိုး က ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး တီထွင်ဆန်းသစ်မှု ညွန့်ပေါင်း အဖွဲ့ ၏ ထောက်ခံမှု ကို ရရှိထားကြောင်း ၊ ၎င်းတို့ အနက် ကာကွယ်ဆေး ၇ မျိုး က လက်တွေ့စမ်းသပ်မှု ပြုလုပ်နေပြီး အောင်မြင်မှု ရရှိခဲ့ပါက COVAX ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး စနစ် သို့ ထည့်သွင်းသွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က အောင်မြင်ရန် မျှော်လင့်ချက် ရှိသော ကာကွယ်ဆေး ၄ မျိုး နှင့် ပတ်သက်၍ ဆွေးနွေးသုံးသပ်နေပြီး သုတေသန ဆောင်ရွက်နေသည့် ကာကွယ်ဆေး ၉ မျိုးအား COVAX သို့ ထည့်သွင်းခြင်း ပြုမပြု နှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း ပြောကြား ခဲ့သည်။

COVAX ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ ကာကွယ်ဆေး အစီအစဉ် သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဦးဆောင်သော အစီအစဉ် တစ်ရပ် ဖြစ်ပြီး ရည်ရွယ်ချက် အနေဖြင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန် မတိုင်မီ တစ်ကမ္ဘာလုံး အတိုင်းအတာ အတွင်း လုံခြုံသည့် ကာကွယ်ဆေး အခုရေပေါင်း ၂ ဘီလီယံ ကို ထောက်ပံ့ပေးနိုင်ရန် ဖြစ်ကြောင်း ၊ အဆိုပါ အစီအစဉ် သည် ကာကွယ်ဆေး အား ပူးပေါင်း ဝယ်ယူခြင်း နှင့် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရာ တွင် ဖြစ်ပေါ်လာမည့် အမျိုးမျိုး သော အန္တရာယ် ကို အတူတကွ မျှဝေခံစား သွားမည့် နိုင်ငံတကာ စည်းစနစ် တစ်ခုဖြစ်ပြီး မည်သည့် ကာကွယ်ဆေး အမျိုးအစား မဆို လုံခြုံထိရောက်ကြောင်း သက်သေပြနိုင်ပါက အဖွဲ့ဝင် နိုင်ငံများ က အချိန်မီ ကာကွယ်ဆေး ရရှိနိုင်မည် ဖြစ်ပြီး ဝင်ငွေ နည်းသည့်များသည့် နိုင်ငံ ဟူ၍ မခွဲခြားထားကြောင်း သိရှိရသည်။

တက်ဒရော့စ် က လက်ရှိချိန်တွင် ဝင်ငွေ အလယ်အလတ် နှင့် ဝင်ငွေများသည့် နိုင်ငံပေါင်း ၇၈ နိုင်ငံ က COVAX သို့ ပါဝင်လာခဲ့ပြီး ၎င်းတို့အနက် ဂျာမနီ ၊ ဂျပန် နှင့် နော်ဝေ စသည့် နိုင်ငံများ ပါဝင် ကာ အဖွဲ့ဝင် နိုင်ငံ က အဆက်မပြတ် တိုးမြင့်လာခဲ့ကြောင်း ၊ ထို့ပြင် နိုင်ငံ ပေါင်း ၁၇၂ နိုင်ငံ က COVAX ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ ကာကွယ်ဆေး အစီအစဉ် သို့ ပါဝင်ရန် ဆက်သွယ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ထိပ်တန်း သိပ္ပံပညာရှင် က သတင်းစာရှင်းလင်းပွဲ တွင် လက်ရှိချိန် ၌ COVID-19 ရောဂါ ကာကွယ်ဆေး က ကနဦး သုတေသန အဆင့်တွင်သာ ရှိနေပြီး စမ်းသပ်မှုများစွာ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၊ ခန့်မှန်းချက် အရ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း အချိန်တွင် COVID-19 ရောဂါ ကာကွယ်ဆေး အား နိုင်ငံအသီးသီး ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)