Connect with us

VIDEO

နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး (ရုပ်သံ)

နေပြည်တော် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ် ၁၉ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဖွင့်ပွဲအခမ်းအနား နှင့်အတူ စတင် ကျင်းပခဲ့ရာ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညီလာခံ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူဦးရေ ၃၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရ ဆုပ်ကိုင်ကြရန် အမှာစကားပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အမျိုးသားအကျိုးစီးပွားမှအပ ကျန်အကျိုးစီးပွား ကင်းရှင်းစွာ ဆောင်ရွက်သွားကြရမည်ဟု ပြောကြားခဲ့သည်။ 

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် အခမ်းအနားတွင်ပြောကြားခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားပြီးနောက် ညီလာခံ ပထမနေ့ကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကို ဩဂုတ်လ ၁၉ ရက်မှ ဩဂုတ်လ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.