Connect with us

VIDEO

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးသူ CDC ဝန်ထမ်းများ၏ ညလုံးပေါက် ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များ 

ရှင်းကျန်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါကူးစက်မှုကို ရှေ့တန်းမှ ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ခိုက်နေကြသည့် သူရဲကောင်းများ ထဲတွင် ကပ်ရောဂါ ကူးစက်မှုများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကာ ကုသမှုခံယူနိုင်စေရန် ကြိုးပမ်း အားထုတ်ပေးနေသူမျာဖြစ်သည့် ရောဂါ ရှာဖွေဖော်ထုတ်ရေး CDC ဝန်ထမ်းများလည်းအပါအဝင်ဖြစ်သည်။  “virus hunters” များဟု တင်စားခေါ်ဝေါ်နိုင်သည့် CDC ဝန်ထမ်းများ၏ ညလုံးပေါက် တာဝန်ထမ်းဆောင်ကာ ထုတ်ပြန်ပေးသည့် ရလဒ်များသည် ပြည်သူများ၏ အသက်အိုးအိမ်ကို များစွာ အကာအကွယ်ပေးနိုင်စွမ်းရှိသည်။  

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါဒေသ ရှိ အူရူမူချီဒေသတွင် COVID-19 ကပ်ရောဂါသည် မူလကူးစက်ခံရသော အရင်းအမြစ်မှပင် ထပ်မံကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ၌ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၏ အလုပ်လုပ်ပုံကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်လေ့လာရိုက်ကူးခဲ့ပါသည်။ ရှင်းကျန်းဝေဂါ ဒေသတွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြသည့်သူရဲကောင်းများ၏ လုပ်ငန်းဆောင်တာများ ကို အောက်ပါ ရုပ်သံထဲတွင်လေ့လာနိုင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.