Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အသစ်ထပ်တိုးလူနာ အရေအတွက် ဆက်တိုက် မြင့်တက်လျက်ရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် စက်တင်ဘာ ၁၈ ရက်က ၂၀၂၁ လန်ဒန် နွေဦးရာသီနွေရာသီဖက်ရှင်ရှိုးပွဲတွင် နှာခေါင်းစည်းတပ်ထားသော မော်ဒန် တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် အသစ်ထပ်တိုးလူနာ ၄,၄၂၂ ဦးရှိခဲ့ရာ ယင်းမှာ ၄ လအတွင်း စံချိန်သစ် ဖြစ်ခဲ့ကြောင်းနှင့် ယခုအခါ နိုင်ငံအတွင်း စုစုပေါင်း အတည်ပြုလူနာ အရေအတွက် ၃၉၀,၃၅၈ ဦးထိ ရှိလာကြောင်း ဗြိတိန်နိုင်ငံ အစိုးရ၏ စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်သည် တစ်ရက်အတွင်း ရောဂါကူးစက်သူဦးရေသည် ၄,၃၂၂ ဦးရှိရာ ယင်းမှာ မေ ၈ ရက် နောက်ပိုင်း ပထမဆုံးအကြိမ် ရောဂါကူးစက်သူ ၄,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်းသိရသည်။
ကပ်ရောဂါ အခြေအနေပေါ်တွင် မူတည်၍ အစိုးရအနေဖြင့် အသွားအလာကန့်သတ်ချက်များ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လိုခြင်းမရှိသော်လည်း လူလူချင်းခပ်ခွာခွာနေထိုင်ရန် သတ်မှတ်ချက်ကို ပို၍ တင်းကြပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းဌာနက စက်တင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ယခုကာလများတွင် ဗြိတိန်အစိုးရသည် အင်္ဂလန်ရှိ မြို့များကို  လူမှုဆက်ဆံရေးနှင့် စားသောက်ဆိုင်၊အပန်းဖြေနေရာစသည့်နေရာများ၌  ညအချိန်ဖွင့်လှစ်မှုကို ကန့်သတ်ခြင်းအပါအဝင်  အခြားမြို့များထက် ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများကို ပို၍တင်းကြပ်စွာ ဆောင်ရွက်ထားကြောင်း သိရသည်။

အစိုးရအနေဖြင့် အောက်တိုဘာလကုန်မတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်နိုင်မှုကို နေ့စဉ် အကြိမ် ၅ သိန်း အထိ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ဆေးစစ်သည့်နည်းပညာအသစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က မကြာသေးမီက ပြောကြားခဲ့သည်။ (Xinhua)