Connect with us

WORLD

တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံရှိ သုံးဘီးယာဉ်မောင်းများအား နှာခေါင်းစည်းများ လှူဒါန်း 

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပသော နှာခေါင်းစည်း ပေးအပ် လှူဒါန်းပွဲတွင် သုံးဘီးယာဉ်မောင်းများက နှာခေါင်းစည်းများဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သီရိလင်္ကာနိုင်ငံ သုံးဘီးယာဉ်မောင်းများ ဦးဆောင်သော အသင်းအဖွဲ့တစ်ခုအား COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ပိုစတာများ နှင့် နှာခေါင်းစည်းများ အရေအတွက် အများအပြားကို  ဇူလိုင် ၂၉ ရက်တွင် ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို ကိုလံဘိုမြို့ရှိ တရုတ်နိုင်ငံသံရုံး၌ ကျင်းပခဲ့ရာ သံရုံးတာဝန်ခံ Hu Wei က နှာခေါင်းစည်း ၅၀,၀၀၀ ကျော် နှင့် ပိုစတာ ၃၅,၀၀၀ အား All Island Three-Wheeler Driver’s Union သုံးဘီးယာဉ်မောင်းများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ M.J.Hameed ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပသော နှာခေါင်းစည်းလှူဒါန်းပွဲတွင် တာဝန်ရှိသူများ နှင့် သုံးဘီးယာဉ်မောင်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါ သုံးဘီးယာဉ်မောင်းများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ M.J.Hameed က COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားတွင် ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး မြှင့်တင်ရန် သီရိလင်္ကာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံ သံရုံးတို့နှင့်အတူ ပူးပေါင်း၍ နှာခေါင်းစည်းများ ထောက်ပံ့ပေးခဲ့ခြင်းအပေါ် ဝမ်းမြောက်ကြောင်းနှင့် မိမိတို့ ကိုယ်တိုင်အပါအဝင် ၊ ခရီးသည်များ နှင့် အများပြည်သူများအား ကာကွယ်နိုင်ရန် အတွက် ၎င်းတို့သမဂ္ဂအနေဖြင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ သံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါ လှူဒါန်းမှုသည် တရုတ်ပြည်သူများမှ ရိုးသားသော ခင်မင်ရင်းနှီးမှု နှင့် အကောင်းဆုံးဆုမွန်ကောင်းတောင်း ပြုမှုအတွက် ကိုယ်စားပြုကြောင်း ၊ တရုတ်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့် အပြန်အလှန် ယုံကြည်မှုသည် COVID-19 ရောဂါတိုက်ဖျက်ရေးတွင် နှစ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သော သီရိလင်္ကာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု ဌာန ညွှန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံ သံရုံးအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယင်းလှူဒါန်းမှုက ယာဉ်မောင်းများ နှင့် ခရီးသည်များအကြား နီးကပ်စွာ ထိတွေ့သွားလာနေရသည့် အဓိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် များစွာ အသုံးဝင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

သုံးဘီးယာဉ်မောင်း တစ်ဦး ဖြစ်သူ Rizwan Jamaldeen နှင့် အသင်းဝင် တစ်ဦးက နှာခေါင်းစည်းများလှူဒါန်းမှုသည် စဉ်းစားသုံးသပ်ပြီး လက်တွေ့ကျသော လှူဒါန်းမှု ဖြစ်ကြောင်း နှင့် ယာဉ်မောင်းများ နှင့် ခရီးသည်များ နှစ်ဦးစလုံးအတွက် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် ရေရှည်နည်းလမ်း တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တုတ်တုတ်(tuk-tuks)ဟု လူသိများသော သုံးဘီးယာဉ်များသည် သီရိလင်္ကာနိုင်ငံသားများအတွက် လူကြိုက်များသော သယ်ယူပို့ဆောင်ရေး  နှင့် ကိုယ်ပိုင်အလုပ်အတွက် အရင်းအမြစ် တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)