Connect with us

WORLD

အောက်လွှတ်တော်အစည်းအဝေးခန်းမအတွင်းနှာခေါင်းစည်းဝတ်ဆင်ရန်လိုကြောင်းပီလိုစီပြောဆို

အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီ Capitol Hill ရှိအပတ်စဉ်သတင်းစာရှင်းလင်းပွဲ၌ အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပီလိုစီအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ဇူလိုင်၃၁ ရက် (ဆင်ဟွာ)  

အမေရိကန်နိုင်ငံအောက်လွှတ်တော်အစည်းအဝေးခန်းမအတွင်းအမတ်များနှင့်ဝန်ထမ်းများအားလုံးနှာခေါင်းစည်းဝတ်ဆင်ရမည်ဟူသောမဖြစ်မနေလုပ်ဆောင်ရမည့်နှာခေါင်းစည်းမူဝါဒတစ်ခုကို လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီကကြေညာခဲ့သည်။ 

“လွှတ်တော်အစည်းအဝေးခန်းမထဲမှာအမတ်တွေနှင့်ဝန်ထမ်းတွေအနေနဲ့နှာခေါင်းစည်းဝတ်ဆင်ဖို့လိုအပ်မှာဖြစ်တယ်” ဟုပီလိုစီကလွှတ်တော်ခန်းမအတွင်း ပြောကြားခဲ့ပြီးဥပဒေပြုအမတ်များအနေဖြင့် စကားပြောဆိုနေချိန်တွင်မူနှာခေါင်းစည်းများကိုယာယီချွတ်ထားနိုင်သည်ဟုထည့်သွင်းပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားဒီမိုကရက်တစ်ဦးလည်းဖြစ်သူပီလိုစီက၎င်းသည်လိုအပ်ချက်များကိုလိုက်နာရန်ပျက်ကွက်သည့်အမတ်များအားထွက်ခွာသွားရန်ပြောနိုင်သော အခွင့်အာဏာရှိသည်ဟုဆိုသည်။

တက္ကဆက်ပြည်နယ် ရီပက်ဘလီကန် တစ်ဦးဖြစ်သူ အောက်လွှတ်တော်အမတ် Louie Gohmertတွင် COVID-19 စစ်ဆေးစမ်းသပ်မှုတွင်ရောဂါတွေ့ရှိခဲ့ပြီးနောက်ယခုလိုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

နှာခေါင်းစည်းဝတ်ဆင်ရန် မကြာခဏငြင်းဆိုလေ့ရှိသည့်Gohmertသည်ဇူလိုင်၂၉ ရက်နံနက်ပိုင်းကသမ္မတဒေါ်နယ်ထရန့်နှင့်အတူ တက္ကဆက်ပြည်နယ် မစ်လန်းမြို့သို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ သို့သော် အိမ်ဖြူတော်ရှိ ကြိုတင်စစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်ရှိသည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)