Connect with us

WORLD

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၆)ဦး၊ ထပ်တိုးလက္ခဏာမပြ ရောဂါကူးစက်သူ (၂၃)ဦး ရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ မုန်မောင်မြို့နယ် မုန်မောင်ကျေးရွာတွင် ဆေးစစ်ရန် ဓာတ်ခွဲနမူနာယူနေသည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ မတ် ၃၁ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီ အတွင်း အသစ်ထပ်တိုး ကိုဗစ် အတည်ပြုလူနာ(၆)ဦး၊ လက္ခဏာမပြ‌ရောဂါကူးစက်သူ (၂၃)ဦး ရှိကြောင်း၊ ယင်းတွေ့ရှိမှု အားလုံးမှာ ရွှေလီမြို့တွင် ဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

မတ် ၃၁ ရက် နံနက်ပိုင်းမှစ၍ ရွှေလီ တစ်မြို့လုံးလွှမ်းခြုံ၍ Nucleic acid ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ positiveဖြစ်သူ (၂၉)ဦးတွေ့ရှိခဲ့ရာ ချက်ချင်းပင် လူနာတင်ယာဉ်(negative pressure ambulance)ဖြင့် သတ်မှတ်ဆေးကုသနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မတ် ၃၁ ရက်က Historical epidemiology၊ ရောဂါလက္ခဏာအနေအထားနှင့် ဓါတ်ခွဲစမ်းသပ်မှုများအရ ကိုဗစ်အတည်ပြုလူနာ (၆)ဦး၊ လက္ခဏာမပြကူးစက်သူ (၂၃)ဦး ရှိကြောင်း အတည်ပြုခဲ့သည်။

မတ် ၃၁ ရက် ၂၄:၀၀ နာရီအထိ လက်ရှိ ယူနန်ပြည်နယ်တွင် အတည်ပြုလူနာ (၁၅)ဦး၊ လက္ခဏာမပြကူးစက်သူ (၄၅)ဦး ရှိရာ သတ်မှတ်ဆေးကုပေးသည့်ဌာနများတွင် သီးခြားခွဲထား ကုသမှုပေးစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။(Xinhua)
————————————
(Chinese Version)

(聚焦疫情防控)云南新增确诊病例6例 新增无症状感染者23例
2021-04-01 09:21:55
 新华社昆明4月1日电(记者姚兵、张雯)云南省卫生健康委员会4月1日通报,3月31日0时至24时,云南省新增确诊病例6例,新增无症状感染者23例,均在瑞丽市。
据通报,3月31日凌晨起,瑞丽市开展全员核酸检测,发现29人核酸检测结果阳性,随即用负压救护车转运至定点医疗机构。  3月31日结合流行病学史、临床表现和实验室检测结果,诊断为新冠肺炎确诊病例6例、新冠肺炎无症状感染者23例。
  截至3月31日24时,云南省现有确诊病例15例,无症状感染者45例,均在定点医疗机构隔离治疗和医学观察。(完)

新华社照片,瑞丽(云南),2021年3月31日
云南瑞丽市区开展全员核酸检测
3月31日,医护人员在瑞丽市勐卯镇勐卯村一检测点采样。