Connect with us

WORLD

တရုတ်နိုင်ငံမှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး အသုတ် နှစ်သုတ်ကို ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က Noor Khan လေတပ်အခြေစိုက်စခန်း၌ ပြုလုပ်သော COVID-19 ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ပွဲတွင် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အစိုးရက ဝယ်ယူခဲ့သော Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ် နှင့် CanSino COVID-19 ကာကွယ်ဆေး ပထမသုတ်တို့အား ပါကစ္စတန်နိုင်ငံဘက်သို့ တရားဝင် လွဲပြောင်းပေးအပ်သည့် အခမ်းအနားအား အစ္စလာမ်မာဘတ်မြို့အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်း၌ မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan နှင့် ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ ကောင်စစ်ဝန် Pang Chunxue တို့က လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ Sinopharm COVID-19 ကာကွယ်ဆေးများသည် Noor Khan လေတပ်အခြေစိုက်စခန်းသို့ မတ် ၃၁ ရက်တွင် ရောက်ရှိခဲ့ပြီး CanSino COVID-19 ကာကွယ်ဆေးများသည် အစ္စလာမ်မာဘတ်မြို့သို့ မတ် ၃၀ ရက်ညပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ အစိုးရက ဝယ်ယူခဲ့သော တရုတ် COVID-19 ကာကွယ်ဆေး အသုတ် နှစ်သုတ်သည် ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ရာတွင် အလွန်အထောက်အပံ့ပြုစေမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် Sinopharm နှင့် CanSino တို့မှ COVID-19 ကာကွယ်ဆေး နှစ်မျိုးလုံး၏ အစွမ်းထိရောက်မှု နှင့် ဘေးကင်းမှုတို့အား ယုံကြည်စိတ်ချမှု ရှိကြောင်း Sultan က ပြောကြားခဲ့ပြီး ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ပို၍ ဝယ်ယူရန် စီစဉ်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ကောင်စစ်ဝန် Pang Chunxue က တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံအား COVID-19 ကာကွယ်ဆေး ထောက်ပံ့မှု နှင့် တင်ပို့မှု နှစ်ခုစလုံးတွင် အမြဲတမ်း ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံအကြား သံမဏိချစ်ကြည်ရေး၏ ပြယုဂ် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့်အတူ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ဆက်လက်၍ ခိုင်မြဲစွာ ရပ်တည်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံသို့ Sinopharm COVID-19 ကာကွယ်ဆေး အသုတ် သုံးသုတ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
2 batches of purchased Chinese COVID-19 vaccines handed over to Pakistan
ISLAMABAD, March 31 (Xinhua) — The first batch of Sinopharm COVID-19 vaccines and the first batch of CanSino COVID-19 vaccines that the Pakistani government purchased were officially handed over to the Pakistani side with a ceremony held at the Noor Khan Air Base near the country’s capital Islamabad on Wednesday.
Special Assistant to the Pakistani Prime Minister on Health Faisal Sultan and Pang Chunxue, minister counselor of the Chinese embassy in Pakistan, attended the handover ceremony. The Sinopharm vaccines arrived at the Noor Khan Air Base on Wednesday while the CanSino vaccines arrived in Islamabad Tuesday night.
Addressing the ceremony, Sultan said that the two batches of Chinese vaccines that the Pakistani government purchased will greatly bolster Pakistan’s nationwide vaccination drive.
Pakistan has confidence in the efficacy and safety of both the Sinopharm and CanSino COVID-19 vaccines, he said, adding that Pakistan plans to buy more vaccines from China.
Pang told Xinhua that China has always made Pakistan a priority in both COVID-19 vaccine aid and export, which is a manifestation of the ironclad friendship between the two countries, adding that China will continue to stand firmly with Pakistan to combat the pandemic.
Earlier in the year, China has donated three batches of Sinopharm COVID-19 vaccines to Pakistan. Enditem