Connect with us

WORLD

ဗြိတိန်နိုင်ငံ က ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများကို ကူညီထောက်ပံ့ပေးမည်

ဗြိတိန်နိုင်ငံရှိ ပြည်သူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက COVID-19 ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများအား ကူညီထောက်ပံ့မှုပြုလုပ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီဝန်ထမ်းများက ၎င်းတို့၏မူလလစာ ၏ သုံးပုံနှစ်ပုံအား အစိုးရထောက်ပံ့ကြေးအနေဖြင့်ရရှိမည်ဖြစ်ပြီး လူတစ်ဦးလျှင်အများဆုံး အမေရိကန်ဒေါ်လာ ၂,၇၄၀ ဖြစ်ကြောင်း ၊ ယင်းအစီအစဉ်အား ယခုနှစ် နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်မည်ဖြစ်ပြီး သက်တမ်းအနေဖြင့် ၆ လ ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံအစိုးရ အနေဖြင့် သြဂုတ်လတွင်လည်း “ဆောင်းရာသီစီးပွားရေးအစီအစဉ်” ကို ထုတ်ပြန်ကြေညာခဲ့ပြီး ကပ်ရောဂါကြောင့် သက်ရောက်မှုဖြစ်ပွားစေခဲ့သည့် ကုမ္ပဏီဝန်ထမ်းများ အလုပ်ပြန်လည်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထုတ်ပြန်ခဲ့သည်။ ယခုအကြိမ် ကူညီထောက်ပံ့မှု တွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများ နှင့် စင်တာများ အထိ တိုးမြှင့်ခဲ့သည်။

ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Rishi Sunak က ကူညီထောက်ပံ့မှုအစီအစဉ်အား တိုးချဲ့ခဲ့ခြင်းသည် ယာယီရပ်ဆိုင်းထားသည့် ဗြိတိန်နိုင်ငံ လုပ်ငန်းကုမ္ပဏီများအတွက် လုံခြုံရေးကွန်ယက်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့အတွက် သင့်လျော်သောထောက်ခံမှုပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လတ်တလောရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရမှုကတိုးမြင့်လာခဲ့ပြီး ဗြိတိန်နိုင်ငံ မီဒီယာများက အစိုးရအနေဖြင့်ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များကို လာမည့်အပတ်တွင်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။  (Xinhua)