Connect with us

WORLD

အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင်က အီရန်နိုင်ငံအစိုးရအား ဗြိတိန်နှင့်အမေရိကန်မှ ကာကွယ်ဆေးများ မဝယ်ယူရန် တောင်းဆို

အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင် Ali Khamenei က အီရန်နိုင်ငံ လွှတ်တော်၌ မိန့်ခွန်းပြောကြားနေသည်ကိုမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင် Ali Khamenei က အီရန်နိုင်ငံအစိုးရအား ဗြိတိန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ မှ COVID-19 ရောဂါကာကွယ်ဆေးအား မဝယ်ယူရန် ဇန်နဝါရီ ၈ ရက် ၌ တောင်းဆိုခဲ့သည်။ အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အီရန်လခြမ်းနီအသင်းသည် ယခင်က အမေရိကန်နိုင်ငံ Pfizer ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီမှ ကာကွယ်ဆေး အခုရေ ၁၅၀,၀၀၀ ဝယ်ယူမည့် အစီအစဉ်အား ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင် Ali Khamenei ကရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အီရန်နိုင်ငံတွင် အမေရိကန်နှင့်ဗြိတိန် မှ COVID-19 ရောဂါ ကာကွယ်ဆေး အသုံးပြုခြင်းကို ကန့်သတ်ကြောင်း ၊ အကြောင်းအရင်းမှာ ယင်းနိုင်ငံနှစ်ခုက ယုံကြည်၍ မရသောကြောင့်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံက အကယ်၍ အရည်အသွေးကောင်းမွန်သည့် ကာကွယ်ဆေးထုတ်လုပ်နိုင်ခဲ့ပါက အမေရိကန်ပြည်တွင်း၌ ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ အခြေအနေက ယခုကဲ့သို့ ရှုပ်ထွေးသည့် အခြေအနေ ဖြစ်နေမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အီရန်လခြမ်းနီအသင်းမှလည်း အီရန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အခြားနိုင်ငံများမှ ကာကွယ်ဆေးဝယ်ယူရေး အတွက် ပူးပေါင်းဆောင်ရွက်သွားရန် တောင်းဆိုခဲ့ပါက လခြမ်းနီအသင်း အနေဖြင့် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ကြေညာချက်အရ အီရန်နိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆,၂၅၁ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁,၂၇၄,၅၁၄ ဦးရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၈၅ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၅၆,၀၁၈ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)
(国际)伊朗最高领袖要求政府不得采购英美疫苗
2021-01-09 06:55:25 分类: 医药卫生
  新华社德黑兰1月8日电(记者夏晨)伊朗最高领袖哈梅内伊8日要求该国政府不得采购英国和美国的新冠疫苗。伊朗红新月会随后宣布,取消原定向美国辉瑞制药公司采购15万剂疫苗的计划。
  哈梅内伊当天在电视讲话中宣布,伊朗禁止使用美国和英国的新冠疫苗,因为这两个国家“不值得信赖”。哈梅内伊说,如果美国人能够生产出优质疫苗,美国国内新冠疫情就不会出现如此混乱的局面。
  哈梅内伊表示,伊朗政府可以从其他“可靠”来源采购疫苗。他同时表示,伊朗自主研发的首款新冠疫苗目前正处于临床试验阶段。
  另据伊朗伊斯兰共和国通讯社报道,伊朗红新月会表示,如果卫生部门要求与其他国家就疫苗采购进行合作,红新月会将遵照执行。
  伊朗卫生部8日公布的数据显示,该国过去24小时新增新冠确诊病例6251例,累计确诊1274514例;新增死亡病例85例,累计死亡56018例。(完)

Photo
  当地时间1月9日,伊朗德黑兰,伊朗最高领袖哈梅内伊出席会议。据报道,哈梅内伊批评了美国和以色列干涉近日在伊朗发生的抗议活动。(图片来源:视觉中国)