Connect with us

WORLD

ထိုင်းနိုင်ငံက လာမည့်လတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းစတင်မည်

ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ပြည်နယ်တွင် COVID-19 စစ်ဆေးမှုခံယူရန် လူအများစောင့်ဆိုင်းနေကြစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ထိုင်းနိုင်ငံက COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအတွက် အဆင့်သုံးဆင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိ ပြုမည်ဖြစ်ကာ ကာကွယ်ဆေးအလုံးရေ ၂ သန်းထိုးနှံသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။

ပထမဆုံး ဆေးအလုံးရေ ၂ သန်းကို ဆေးဘက်ဆိုင်ရာဝန်ထမ်းနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်း ၈၀,၀၀၀ ဦး၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ဝန်ထမ်း ၂၀,၀၀၀ ဦး၊ နာတာရှည်ရောဂါသည်များနှင့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Opas Karnkawinpong က ပြောကြားခဲ့သည်။

ပထမအဆင့် ကာကွယ်ဆေးရရှိမည့်သူများမှာ ရောဂါကူးစက်မှုမြင့်မားကြောင်းနှင့် တင်းကြပ်သောဆောင်ရွက်ချက်များနှင့်အတူ ထိန်းချုပ်မှုအမြင့်ဆုံးအောက်ရှိ ဒေသများအဖြစ် ကြေညာထားသော ဆမွတ်ဆခွန်၊ ရယောင်း၊ ချွန်ဘူရီ၊ ချန်သာဘူရီနှင့် တရတ် စသည့်ဒေသများ၌ နေထိုင်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုတိယအဆင့်တွင်မူ ကာကွယ်ဆေးအလုံးရေ ၂၆ သန်းပါဝင်မည်ဖြစ်ပြီး ရောဂါကူးစက်နိုင်ခြေမြင့်မားသော အုပ်စုများကို မေလမှ ဇွန်လအထိ ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း၊ တတိယအဆင့်ကိုလည်း ယခုနှစ်နှောင်းပိုင်းနှင့် လာမည့်နှစ်အစောပိုင်း၌ စီစဉ်ထားပြီး လူဦးရေအားလုံးအတွက် ကာကွယ်ဆေးအလုံအလောက် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၇ ရက်အထိ အတည်ပြုလူနာ စုစုပေါင်းမှာ ၉,၆၃၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ ယင်းအနက် ၅,၀၀၀ ကျော်မှာ ဆမွတ်ဆခွန်ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား ပထမဆုံး တွေ့ရှိခဲ့သော လူအစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုအသစ်ဖြစ်ပေါ်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

—————————————-
(English Version)
Thailand to begin COVID-19 vaccination next month
Source: Xinhua| 2021-01-08 01:38:10|Editor: huaxia
BANGKOK, Jan. 7 (Xinhua) — The Thai authority has set three phases for COVID-19 vaccination, with the first phase involving two million doses from February to April, the Ministry of Public Health said Thursday.
The first two million doses would prioritize vaccination for 80,000 medical personnel and health volunteers, 20,000 disease control workers, people with chronic diseases as well as those aged 60 and over, said Opas Karnkawinpong, director-general of the disease control department at the ministry.
The first-phase recipients would be in Samut Sakhon, Rayong, Chonburi, Chanthaburi and Trat, which had high levels of infection and had been declared as regions under maximum control with high strict measures, he said.
The second phase would involve 26 million doses and be given to people of vulnerable groups from May to June, while the third phase, set for later this year and early next year, would involve vaccinating enough of the general population.
As of Thursday, the number of Thailand’s total confirmed cases rose to 9,636, more than 5,000 of which were reported since mid-December, when the new cluster of cases was first detected among migrant workers in Samut Sakhon. Enditem
People wait to receive COVID-19 tests in Samut Sakhon province, Thailand, on Dec. 22, 2020. (Xinhua/Rachen Sageamsak