Connect with us

WORLD

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့ ရှိ အကျဉ်းထောင် တစ်ခု တွင် လူပေါင်း ရာနှင့်ချီ၍ COVID-19 ရောဂါ ကူးစက်ခံရ

အိန္ဒိယ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မွမ်ဘိုင်း ၊ မေ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Maharashtra ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က မွမ်ဘိုင်း မြို့ ရှိ အကျဉ်းထောင် တစ်ခု တွင် လူပေါင်း ရာနှင့်ချီ၍ COVID-19 ရောဂါ ကူးစက်ခံရကြောင်း မေလ ၇ ရက် ၌ ပြောကြား ခဲ့သည်။

Maharashtra ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး က မွမ်ဘိုင်းမြို့ရှိ Arthur Road အကျဉ်းထောင် တွင် လူပေါင်း ၁၀၃ ဦး COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ပြီး ၎င်း အနက် ၂၆ ဦး မှာ အကျဉ်းထောင် ဝန်ထမ်းများ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာများ ၏ လတ်တလောရက်ပိုင်း အတွင်း ဖော်ပြချက်အရ ယင်းအကျဉ်းထောင်တွင် အကျဉ်းသား တစ်ဦး နှင့် အကျဉ်းထောင်ဝန်ထမ်း နှစ်ဦး က COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အကျဉ်းထောင်တွင် ရောဂါပိုး ကူးစက်ခံရမှု အား ကျယ်ပြန့်စွာ စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကူးစက်ခံရသူများအား သီးတန့်ခွဲခြားထားပြီး မေလ ၈ ရက် နံနက်ပိုင်းအချိန်တွင် အနီးအနားရှိ ဆေးရုံ သို့ ဆေးဝါးကုသရန် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ၊ အဆိုပါအကျဉ်းထောင် တွင် လူပေါင်း ၈၀၀ သာ ထားရှိရန် စီမံဆောင်ရွက်ထားသော်လည်း လက်ရှိချိန်တွင် အကျဉ်းသားပေါင်း ၂,၆၀၀ ရှိပြီး အိန္ဒိယ နိုင်ငံ ရှိ အကျဉ်းသား အထူထပ်ဆုံးသော အကျဉ်းထောင်များတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ အစိုးရ ၏ ထုတ်ပြန်ကြေညာချက်အရ မေလ ၇ ရက် အချိန်ထိ မွမ်ဘိုင်းမြို့ တွင် ရောဂါ ကူးစက်ခံရသူပေါင်း ၁၀,၅၂၇ ဦး ရှိပြီး သေးဆုံးသူ ၄၁၂ ဦး ရှိကာ အိန္ဒိယ နိုင်ငံ တွင် လူပေါင်း သောင်းနှင့်ချီ၍ ကူးစက်ခံရသည့် ပထမ ဦးဆုံး မြို့ ဖြစ်လာကြောင်း သိရှိရသည်။  (Xinhua)