Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားသူ ၇ သန်းကျော် ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ဆို 

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကိတ်မုန့်ဆိုင်တစ်ဆိုင်တွင် Handmade နှာခေါင်းစည်းများ ရောင်းချထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ဇွန် ၇ ရက် ဂရင်းနစ်စံတော်ချိန် ၀၂၂၃ နာရီတွင် ၇,၀၀၇,၉၄၈ ဦးအထိ ရှိလာခဲ့ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)၏ ပြုစုထားသော စာရင်းများအရ သိရသည်။ 

ကမ္ဘာအနှံ့ လူပေါင်း ၄၀၂,၇၀၉ ဦး COVID-19 ရောဂါဖြင့် သေဆုံးခဲ့ကြောင်း စာရင်းတွင် ဖော်ပြထားသည်။အမေရိကန်နိုင်ငံသည် ကပ်ရောဂါဖြစ်ပွားမှု အများဆုံး ခံစားရပြီး ရောဂါ ဖြစ်ပွားသူ ၁,၉၄၁,၉၇၈ ဦး ရှိကြောင်း နှင့် သေဆုံးသူ ၁၁၀,၅၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။ 

ရောဂါ ဖြစ်ပွားသူ ၂၀၀,၀၀၀ ကျော်ရှိသော နိုင်ငံများထဲတွင် ဘရာဇီး ၊ ရုရှား ၊ ဗြိတိန် ၊ အိန္ဒိယ ၊ စပိန် နှင့် အီတလီ နိုင်ငံတို့ ပါဝင်ကြောင်း နှင့်  ဇွန် ၇ ရက်တွင် တရုတ်ပြည်မကြီးတွင် ရောဂါကုသမှု ခံယူနေသူ ၆၅ ဦး အပါအဝင် ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၈၃,၀၄၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)