Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ ၁၀ သန်းအထိ ရှိလာ ၊ ပုံမှန်ဘဝနေထိုင်မှုအသစ်နှင့် အသားကျစွာနေထိုင်သွားရမည်ဟု WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Tedros Adhanom Ghebreyesus အား ဇွန် ၂၉ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်သူ အရေအတွက် ၁၀ သန်းကျော် နှင့် သေဆုံးသူ ငါးသိန်းကျော်လာပြီးနောက် နိုင်ငံအားလုံးအနေဖြင့် COVID-19 နှင့်အတူ နေထိုင်လျက် လာမည့်ကာလကို ပုံမှန်ဘဝနေထိုင်မှုအသစ်နှင့် အသားကျစွာနေထိုင်သွားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ 

“လာမယ့်လတွေမှာ နိုင်ငံတွေအားလုံးရင်ဆိုင်ရမယ့် အရေးကြီးတဲ့မေးခွန်းကတော့ ဒီဗိုင်းရပ်စ်နဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာပါပဲ။ ဒါက ပုံမှန်ဘဝနေထိုင်မှုအသစ် (new normal) နဲ့ အသားကျအောင်နေထိုင်ခြင်းပါပဲ” ဟု WHO အထွေထွေ အတွင်းရေးမှူးချုပ် Tedros Adhanom Ghebreyesus က နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ရှိ ဥရောပကော်မရှင်ရုံးချုပ် အဆောက်အအုံရှေ့တွင်း နှာခေါင်းစည်းဝတ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံအမြောက်အမြားတွင် COVID-19 ရောဂါ တိုက်ဖျက်ရေး၌ တိုးတက်မှုအချို့ရှိခဲ့သော်လည်း ယင်းကပ်ရောဂါသည် ကမ္ဘာအနှံ့ လျင်မြန်စွာပျံနှံ့လျက်ရှိသည်။ ဇွန် ၂၉ ရက် မွန်းလွဲ ၃:၁၅ နာရီအထိ WHO ၏ နောက်ဆုံးစာရင်းအရ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၀,၀၂၁,၄၀၁ အထိ ရှိလာပြီး သေဆုံးသူ ၄၉၉,၉၁၃ ဦးရှိခဲ့ကြောင်း သိရသည်။ 

“လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်တော်တို့ကမ္ဘာကြီး၊ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ဒီဗိုင်းရပ်စ်အသစ်ကြောင့် ပရမ်းပတာအခြေအနေဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားမိဘူး” ဟု WHO အကြီးအကဲက ဆိုသည်။ “ဒီကပ်ရောဂါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး လူ့လောကကို ဆောင်ကြဉ်းပေးခဲ့တယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ကြံ့ကြံ့ခံနိုင်ခြင်း၊ တီထွင်နိုင်စွမ်းရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနဲ့ ကြင်နာခြင်းစတဲ့ ကြည်နူးဖွယ် အပြုအမူတွေကို မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ ကပ်ရောဂါ အမည်းစက် ၊ အချက်အလက်လွဲမှားခြင်းနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းနဲ့ ဆက်စပ်လက္ခဏာတွေကိုလည်း တွေ့မြင်နေရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

ထို့ပြင် နိုင်ငံများအားလုံးအနေဖြင့် ရပ်ရွာလူထုနှင့် လူတစ်ဦးချင်းစီအနေဖြင့် ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများအား ကာကွယ်ရန် လုပ်ဆောင်နိုင်ခြင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ခြင်း၊ အောက်ဆီဂျင်နှင့် Dexamethasone ဖြင့် လူ့အသက်များ ကယ်တင်ခြင်း၊ COVID-19 သုတေသန အရှိန်မြှင့်တင်ခြင်းနှင့် နိုင်ငံရေး ဦးဆောင်မှုနှင့် စည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာရေး စသည့် ဆောင်ရွက်ချက် ငါးရပ်ကို  ဦးစားပေးလုပ်ဆောင်ရန် WHO အကြီးအကဲက တိုက်တွန်းခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117