Connect with us

WORLD

အာဂျင်တီးနားနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၁ သိန်းကျော်ထိ ရှိလာ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မြင်ကွင်းများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံတွင် ဇူလိုင် ၁၂ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂,၆၅၇ ဦးရှိခဲ့ရာ စုစုပေါင်း လူနာ ၁၀၀,၁၆၆ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၃၅ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၁,၈၄၅ ဦး ရှိပြီဖြစ်ကြောင်း အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

အတည်ပြုလူနာများတွင် ပြည်ပမှဝင်ရောက်လာသူ ၁.၁ ရာခိုင်နှုန်း၊ ရောဂါပိုးရှိသူနှင့်အနီးကပ်ထိတွေ့ကူးစက်သူ  ၃၃.၃ ရာခိုင်နှုန်း ၊ ရပ်ရွာအတွင်း ရောဂါကူးစက်သူ ၄၈.၁ ရာခိုင်နှုန်း အသီးသီးရှိကြောင်းနှင့် ကျန်ရောဂါကူးစက်မှုများကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အာဂျင်တီးနား ကျန်းမာရေဝန်ကြီးဌာန၏ ယင်းနေ့ထုတ်ပြန်ချက်များအရ သိရသည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မြင်ကွင်းများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မြင်ကွင်းများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မြင်ကွင်းများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မြင်ကွင်းများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မြင်ကွင်းများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြို့တော် ဗျူနိုအေးရိစ် အပါအဝင် Gran Buenos Aires ဒေသတစ်ခုလုံးသည် အာဂျင်တီးနား၏ ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးဒေသဖြစ်ပြီး ယင်းနေရာတွင် ရောဂါကူးစက်မှုသည် တစ်နိုင်ငံလုံး၏ ၉၁.၈၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။အာဂျင်တီးနားနိုင်ငံသည် ဇူလိုင် ၁ ရက်မှစ၍ လူမှုဘဝတွင် ခပ်ခွာခွာနေရေးနည်းလမ်းများကို ပြန်လည်တင်းကြပ်စွာ ဆောင်ရွက်ခဲ့သည်။ ယခုကာလများတွင် အတည်ပြုလူနာဦးရေတိုးပွားလာသောကြောင့် အချို့လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် အစီအစဉ်ကို မဖြစ်မနေ ခေတ္တ ရပ်နားထားရကြောင်း သိရသည်။ ယခု ရောဂါထိန်းချုပ်ရေးကာလကို ဇူလိုင် ၁၇ ရက်အထိ ဆောင်ရွက်ရန် ခန့်မှန်းထားသော်လည်း ထိုအချိန်တွင် ပြန်လည်ဖြေလျော့ပေးနိုင်ခြင်းရှိမရှိကိုမူ ရလဒ်အခြေအနေပေါ်တွင် မူတည်ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117