Connect with us

WORLD

တရုတ် နိုင်ငံ က ဇင်ဘာဘွေ နိုင်ငံ အား COVID-19 ရောဂါ စစ်ဆေးရေး ကိရိယာ အပါအဝင် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ လှူဒါန်း

တရုတ် နိုင်ငံ မှ ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေးအပ်လှူဒါန်းသည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ဟာရာရီ ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ဇူလိုင်လ ၂၁ ရက် တွင် ဇင်ဘာဘွေ နိုင်ငံ အစိုးရ ထံ ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ ပေးအပ် ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ မှ ဇင်ဘာဘွေ နိုင်ငံ အစိုးရ အား လှူဒါန်းပေးသည့် ရောဂါ စစ်ဆေးရေး ကိရိယာ နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပဆက်ဆံရေး ဌာန မှ ဇင်ဘာဘွေ အာဖရိကလူမျိုးမဟာမိတ်ပါတီ ထံသို့ ပေးအပ်လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း နှင့် လက်အိပ်များကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa က သမ္မတ အိမ်တော် ၌ ကျင်းပ ပြုလုပ်သည့် လွှဲပြောင်းပေးအပ်ပွဲတွင် တရုတ် နိုင်ငံ မှ ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ခံအားပေးမှု အပေါ် လွန်စွာ ကျေးဇူးတင်ကြောင်း ၊ ကပ်ရောဂါ ဖြစ်ပွား ချိန်မှ စ၍ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဇင်ဘာဘွေ နိုင်ငံ အပေါ် ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေး ခဲ့သော် အဆက်မပြတ် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံ က တရုတ် နိုင်ငံ တစ်နိုင်ငံ တည်း ဖြစ်ကြောင်း ၊ ယင်းမှာလည်း နှစ်နိုင်ငံ ၏ အဆင့်အတန်း မြင့်မားသည့် ချစ်ကြည်ရေး နှင့် အပြန်အလှန် ယုံကြည်မှု ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

 

တရုတ် နိုင်ငံ မှ ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေးအပ်လှူဒါန်းသည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး က တရုတ် နိုင်ငံ အနေဖြင့် ဇင်ဘာဘွေ နိုင်ငံ နှင့် အတူတကွ ကပ်ရောဂါ အား လက်တွဲ တိုက်ဖျက်သွားမည် ဖြစ်ပြီး ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ တွင် ဇူလိုင်လ ၂၁ ရက် အချိန် ထိ COVID-19 ရောဂါ ကူးစက်ခံရသူ ၁,၈၂၀ ဦး ရှိခဲ့ပြီး ၂၆ ဦး သေဆုံးကာ ၄၈၈ ဦး ရောဂါ မှ ပြန်လည် သက်သာခဲ့ကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ ၌ ရောဂါ ကူးစက်မှုသည် ပြည်တွင်း ကူးစက်မှု ထက် ပြည်ပ မှ ဝင်ရောက်မှု က မြင့်မား နေကြောင်း သိရှိရသည်။  (Xinhua)