Connect with us

WORLD

ဂျပန် နိုင်ငံ တွင် တစ်ရက် အတွင်း လူပေါင်း ၆၀၀ ကျော် COVID-19 ကူးစက်ခံရ ၊ ဂျပန် အခြေစိုက် အမေရိကန် စစ်စခန်း တွင်လည်း ရောဂါ ကူးစက်မှု ဖြစ်ပွားနေ

ဂျပန် နိုင်ငံ ရှိ ပြည်သူများ နှာခေါင်းစည်း တပ်၍ သွားလာ လှုပ်ရှားနေသည် ကို တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဇူလိုင်လ ၂၁ ရက် ၂၁ နာရီ ၃၀မိနစ် ထိ ဂျပန် နိုင်ငံ တွင် တစ်ရက်အတွင်း ရောဂါ ကူးစက်ခံရသူ ၆၃၂ ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ၂၆,၄၇၆ ဦး ရှိလကာ ၁ ဦး ထပ်မံသေဆုံး သဖြင့် စုစုပေါင်း သေဆုံးသူ ၉၈၉ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက် တွင် တိုကျို မြို့ ၌ လူပေါင်း ၂၃၇ ဦး ထပ်မံ ကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းတွင် ၄ ရက် အတွင်း တစ်ရက်လျှင် လူပေါင်း ၂၀၀ ကျော် ကူးစက်မှု ဖြစ်ပွား ခဲ့ကြောင်း နှင့် စုစုပေါင်း ကူးစက်ခံရသူ ၉,၈၁၆ ဦး ထိရှိလာခဲ့ကြောင်း သိရှိရသည်။

Kanagawa ပြည်နယ် Yokosuka မြို့ တွင် ဇူလိုင် ၂၀ ရက် ညပိုင်းက Yokosuka အမေရိကန် စစ်စခန်း တွင် COVID-19 ရောဂါ ကူးစက်ခံရသူ တစ်ဦး တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်း ကူးစက်ခံရသူသည် Haneda လေဆိပ် မှ ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း နှင့် အမေရိကန် စစ်ဘက်ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေးယာဉ် ဖြင့် Yokosuka အမေရိကန် စစ်စခန်း သို့ ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် စစ်စခန်း ၏ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ကြေညာချက် အရ ဇူလိုင် ၁၆ ရက် အထိ ဂျပန် နိုင်ငံ ရှိ အမေရိကန် စစ်စခန်း ၁၀ ခု တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၄၀ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။  (Xinhua)