Connect with us

WORLD

သမ္မတ ဒေါ်နယ်ထရမ့် က ၃ လ အတွင်း ပထမဆုံး အကြိမ် အဖြစ် အိမ်ဖြူတော် ၌ ကပ်ရောဂါ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား နှာခေါင်းစည်းဖြင့် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ဇူလိုင် ၂၁ ရက်က အိမ်ဖြူတော် တွင် ကျင်းပ ပြုလုပ်သည့် ကပ်ရောဂါ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက် ခဲ့ပြီး အမေရိကန် နိုင်ငံ ၏ ကပ်ရောဂါ အခြေအနေ ၊ နှာခေါင်းစည်း တပ်ဆင်ခြင်း အပေါ် သဘောထား အမြင်များကို ပြောကြားခဲ့ကြောင်း နှင့် ယင်းမှာ ဒေါ်နယ်ထရမ့် အနေဖြင့် ဧပြီလကုန်ပိုင်းမှစ၍ ပထမ ဦးဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြန်လည် တောက်ရောက် ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါသည် ပြန်လည်မကောင်းမွန်ခင်ချိန်တွင် ပိုမို ဆိုးရွားလာနိုင်ကြောင်း ၊ အမေရိကန် နိုင်ငံ တွင် ဒေသအသီးသီး အခြေအနေ က မတူညီကျဘဲ တောင်ပိုင်း ဖလော်ရီဒါ ပြည်နယ် က အခြေအနေ ပိုမိုဆိုးရွားကြောင်း ၊ အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် လူတိုင်း သတ်မှတ်ထားသည့် အကွာအဝေး တွင် မနေထိုင်နိုင်ပါက နှာခေါင်းစည်း တပ်ရန် ပြောကြားထားကြောင်း ၊ နှာခေါင်းစည်း တပ်ခြင်းအား နှစ်သက်ခြင်း ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ နှာခေါင်းစည်း တပ်ခြင်း က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ထိရောက်မှုရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ တွင် ကပ်ရောဂါ အား မထိန်းချုပ်နိုင်သေးဘဲ ဖြေလျှော့မှုများ ပြုလုပ်ခဲ့သခြင့် ကပ်ရောဂါ ပြန်လည် ပြန့်ပွါးလာခဲ့ရာ ဖလော်ရီဒါ ပြည်နယ် က အခြေအနေ အဆိုးရွားဆုံး ဖြစ်ကြောင်း ၊ ဖလော်ရီဒါ ပြည်နယ် ကျန်းမာရေး ဌာန ၏ စာရင်းပြုစုချက် အရ ယင်း ပြည်နယ် တွင် ဇူလိုင် ၁၄ ရက် မှ ၁၉ ရက် အထိ နေ့စဉ် လူပေါင်း ၁ သောင်း ကျော် ကူးစက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး စင်တာ ၏ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက် အရ သုသေတန တစ်ခု ၏ အစီရင်ခံစာ တွင် အမေရိကန် နိုင်ငံ ၌ လက်တွေ့ ကူးစက်ခံရသူ ဦးရေ မှ ယခု ဖေါ်ပြသည့်ပမာဏထက် ၁၀ ဆ ကျော် ရှိနိုင်ကြောင်း သိရသည်။  (Xinhua)