Connect with us

WORLD

၂၀၂၀ ပြည့်နှစ် နိုဘယ်လ်ဆုပေးပွဲ အခမ်းအနား COVID-19 ကပ်ရောဂါ ကြောင့် ပယ်ဖျက်

၂၀၁၅ ခုနှစ်က ဆွီဒင် နိုင်ငံ စတော့ဟုမ်းမြို့ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် နိုဘယ်လ်ဆု ပေးပွဲ ညစားစားပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

စတော့ဟုမ်း ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

နှစ်စဉ် အောက်တိုဘာတွင် ကြေညာလေ့ရှိသည့် နိုဘယ်လ်ဆု ရရှိသူများ စာရင်းကိုပုံမှန် ကြေညာပေးသွားမည် ဖြစ်သော်လည်း ယခုနှစ် ဒီဇင်ဘာ တွင် ကျင်းပမည့် နိုဘယ်လ်ဆု ပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်တော့မည် မဟုတ်ကြောင်း နိုဘယ်လ်ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် Lars Heikensten က ဇူလိုင်၂၁ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 

Lars Heikensten က COVID-19 ရောဂါ ကမ္ဘာအနှံ့တွင် ကူးစက်နေခြင်းကြောင်း ယခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွင် ကျင်းပ ရန် စီစဉ်ထားသည့် နိုဘယ်လ်ဆုပေးပွဲ အခမ်းအနား နှင့် ညစာစားပွဲ ကို ပယ်ဖျက်ခဲ့ရခြင်း ဖြစ်ကြောင်း ၊ နှင့် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနားကိုမူ  ပရိသတ် မပါဘဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  ပြောကြား ခဲ့သည်။

ညစာစားပွဲပယ်ဖျက်ခဲ့ရသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ Lars Heikensten က လက်ရှိ ကမ္ဘာ့  ကပ်ရောဂါ အခြေအနေ သည် ကောင်းမွန်သည့် အခြေအနေ တွင် ရှိမနေသဖြင့်  လူများစွာတက်ရောက်မည့်  လူစုလူဝေး အခမ်းအနားကို ပြုလုပ်ရန် မသင့်လျော်ကြောင်း ၊ ထို့ပြင် နိုဘယ်လ်ဆုရရှိသူများ အားလုံးအနေဖြင့် ဆွီဒင်နိုင်ငံသို့ ကိုယ်တိုင်လာရောက် ဆုယူရန် မသေချာသောကြောင့် ဖြစ်ကြောင်း ၊ လက်ရှိတွင် ဆုအား မည်ကဲ့သို့ပေးအပ်မည် ကို မသတ်မှတ်ရသေးသော်လည်း ယခင်နှစ်များနှင့် မတူ ထမူထူးခြားနေမည်မှာ သေချာကြောင်း ပြောကြား ခဲ့သည်။

ဆွီဒင် နိုင်ငံမှ ကမ္ဘာကျော်  ဓာတုဗေဒ နှင့် သိပ္ပံပညာရှင် အဲဖရက်နိုဘယ်လ် သည် ဒီဇင်ဘာ ၁၀ ရက် တွင်  ကွယ်လွန်ခဲ့သဖြင့် နှစ်စဉ်ယင်းနေ့ရောက်ရှိတိုင်း နိုဘယ်လ်ဆုပေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်လေ့ရှိကြောင်း ၊ နိုဘယ်လ်ဆု ရရှိသူ များအနေဖြင့် ဆုလက်ခံရယူရန် အခမ်းအနားကျင်းပရာ ဆွီဒင် နိုင်ငံ စတော့ဟုမ်း မြို့ သို့လာရောက်လေ့ရှိကြောင်း နှင့် ဆွီဒင် နိုင်ငံ တော်ဝင် မိသားစုဝင်များ ၊ နိုင်ငံရေးခေါင်းဆောင်များ နှင့် နယ်ပယ်အသီးသီး မှ လူပုဂ္ဂိုလ်များအပါအဝင် ဧည့်ပရိသတ်  တစ်ထောင်ကျော် တက်ရောက်လေ့ရှိကြောင်း သိရသည်။  (Xinhua)