Connect with us

WORLD

 တောင်ကိုရီးယားနိုင်ငံရှိ စစ်အခြေစိုက်စခန်းသို့ရောက်ရှိလာသော အမေရိကန် တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် မိသားစုဝင် ၁ ဦးထံတွင်  COVID-19 တွေ့ရှိ 

တောင်ကိုရီးယား နိုင်ငံ တွင် ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုတွင် အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ယခုလအတွင်း တောင်ကိုရီးယား နိုင်ငံ သို့ ရောက် ရှိလာသည့် အမေရိကန် တပ်ဖွဲ့ဝင် ၁၂ ဦး နှင့် ၎င်းတို့၏ မိသားစုဝင် ၁ ဦးထံတွင်  COVID-19 ရောဂါ ကူးစက် ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဇူလိုင် ၂၂ ၌ အတည်ပြု ထုတ်ပြန်ခဲ့သည်။ 

တောင်ကိုရီးယား နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွင် ရောဂါ ကူးစက်ခံရသူ ၁၃ ဦး အနက် ၂ ဦးမှာ  ယခုလ ၈ ရက် နှင့် ၂၀ ရက် တို့ တွင် အမေရိကန် အစိုးရ လေယာဉ် ဖြင့် တောင်ကိုရီးယား နိုင်ငံ Osan လေတပ်စခန်း သို့ ရောက်ရှိလာခဲ့သူများဖြစ်ကြောင်း  နှင့် ကျန် အမေရိကန် တပ်ဖွဲ့ဝင် ၁၀ ဦး နှင့် မိသားစုဝင် တစ်ဦး တို့ သည် ယခုလ ၈ ရက် ၊ ၉ ရက် နှင့် ၁၉ ရက် တို့ တွင် လေယာဉ်များဖြင့် အမေရိကန် နိုင်ငံ မှ တောင်ကိုရီးယား နိုင်ငံ တို့  အသီးသီး ရောက်ရှိလာ ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

Osan လေတပ်စခန်းသည် တောင်ကိုရီးယား နိုင်ငံ မြို့တော် ဆိုးလ် နှင့် ကီလိုမီတာ ၇၀ အကွာအဝေး ခန့် တွင် တည်ရှိသည်။

လက်ရှိချိန်တွင် တောင်ကိုရီးယား အခြေစိုက် အမေရိကန် စစ်စခန်းများတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၁၁ ဦး ထိရှိနေပြီး ယခုလ အတွင်းကူးစက်ခံရသူ  ၇၅ ဦး ရှိကြောင်း ၊  ကူးစက်ခံရသူအားလုံးသည် ပြည်ပ မှ တောင်ကိုရီးယား နိုင်ငံ သို့ ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား တပ်ဖွဲ့ဝင် ၊ မိသားစုဝင် နှင့် အခြားလူများ ဖြစ်ကြကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ဇူလိုင် ၂၂ ရက် သုညနာရီ အချိန်ထိ ရောဂါ ကူးစက်ခံရသူ ၆၃ ဦး ထပ်မံတွေ့ရှိခဲ့ရာတွင် ပြည်ပမှ ဝင်ရောက်လာသူ  ၃၄ ဦး ပါဝင်ကြောင်းနှင့် ယခုအခါ စုစုပေါင်း ကူးစက်ခံရသူ ၁၃,၈၇၉ ဦး အထိ ရောက်ရှိလာကြောင်း သိရသည်။  (Xinhua)