Connect with us

WORLD

အမေရိကန်နိုင်ငံသို့ လာရောက်မည့် ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးသည်များ COVID-19 ကင်းစင်ကြောင်း ပြသရန် လိုအပ်မည်

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ ရော်နယ်ရေဂင် ဝါရှင်တန်အမျိုးသားလေဆိပ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော အားလပ်ရက်ခရီးသွားဧည့်သည်များကို တွေ့ရစဉ် (ဆင်ဟွာ)

 

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံသို့ လာရောက်သည့် ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးသည်များအနေဖြင့် ခရီးမထွက်ခွာမီ ၇၂ နာရီ အတွင်း စစ်ဆေးထားသော ဗိုင်းရပ်စ်ကင်းစင်ကြောင်းပြသရန် လိုအပ်ကြောင်း အမိန့်ညွှန်ကြားချက်အသစ်ကို ဒီဇင်ဘာ ၂၅ ရက်တွင် လက်မှတ်ထိုးမည်ဟု မျှော်မှန်းထားကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံသို့ လာရောက်မည့် ဗြိတိန်နိုင်ငံမှခရီးသည်များသည် လေယာဉ်မထွက်ခွာမီ သုံးရက်အတွင်း ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူရန်နှင့် ၎င်းတို့၏ ဓာတ်ခွဲခန်းမှ ထုတ်ပေးထားသည့် စစ်ဆေးမှုရလဒ် စာရွက်စာတမ်းများကို လေကြောင်းလိုင်းသို့ ပေးအပ်ရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန် CDC က ဒီဇင်ဘာ ၂၄ ရက် ညပိုင်း ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

လေကြောင်းလိုင်းများအနေဖြင့်လည်း လေယာဉ်မထွက်ခွာမီ ခရီးသည်များအားလုံး ဗိုင်းရပ်စ်ကင်းစင်ကြောင်းရလဒ်ကို အတည်ပြုရမည် ဖြစ်သည်။ အကယ်၍ ခရီးသည်တစ်ဦးဦးက ဗိုင်းရပ်စ်စစ်ဆေးမှုကို မပြုလုပ်လျှင် လေကြောင်းလိုင်းအနေဖြင့် အဆိုပါ ခရီးသည်အား လေယာဉ်ပေါ်တက်ရောက်ခွင့် ငြင်းပယ်ရမည်ဖြစ်ကြောင်း CDC က ပြောကြားခဲ့သည်။

အဆိုပါ အမိန့်ညွှန်ကြားချက်အသစ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ချက်သည် မကြာသေးမီက ဗီဇပြောင်း SARS-CoV-2 ဗိုင်းရပ်စ် တွေ့ရှိကြောင်း ယူကေရှိ ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့များက ကြေညာခဲ့သောကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်များသည် သန္ဓေပြောင်းလဲမှုကြောင့် မကြာခဏပြောင်းလဲလျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ကနဦးစိစစ်တွေ့ရှိမှုအရ ယခုဗီဇပြောင်းဗိုင်းရပ်စ်အသစ်သည် ယခင်ဖြစ်ပွားလျက်ရှိသော ဗိုင်းရပ်စ်ထက် ကူးစက်နှုန်း ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကြောင်း CDC က ဆိုသည်။

“ဒီညွှန်ကြားချက်အသစ်ဟာ COVID-19 ရောဂါကို ထိန်းချုပ်ဖို့နှင့် ရှာဖွေတွေ့ရှိနိုင်ဖို့ လုပ်ဆောင်နိုင်စွမ်း တိုးမြှင့်မယ့် ဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု CDC က ပြောခဲ့သည်။ (Xinhua)

————————————

(English Version)
U.S. CDC to require negative COVID-19 test from air travelers from UK
Source: Xinhua| 2020-12-26 02:24:24|Editor: huaxia
Passengers are required to get a viral test within three days before their flight from the United Kingdom to the United States departs, and provide written documentation of their laboratory test result to the airline, said the U.S. CDC.
WASHINGTON, Dec. 25 (Xinhua) — A new order is expected to be signed on Friday to require air passengers arriving in the United States from the United Kingdom to test negative, no more than 72 hours before departure, according to the U.S. Centers for Disease Control and Prevention (CDC).
Passengers are required to get a viral test within three days before their flight from the United Kingdom to the United States departs, and provide written documentation of their laboratory test result to the airline, said the CDC in a statement late Thursday night.
Airlines must confirm the negative test result for all passengers before they board. If a passenger chooses not to take a test, the airline must deny boarding to the passenger, said the CDC.
The new order will become effective on Dec. 28.
The initiative came as the public health authorities in the United Kingdom recently announced the discovery of a new variant of SARS-CoV-2.
Viruses constantly change through mutation, and preliminary analysis in the country suggests that this new variant may be up to 70 percent more transmissible than previously circulating variants, said the CDC.
“The new order is consistent with the measures that have been taken so far to increase our ability to detect and contain COVID-19 proactively and aggressively,” said the CDC. ■
Holiday travelers wearing face masks are seen at Ronald Reagan Washington National Airport in Arlington, Virginia, the United States, on Dec. 23, 2020. (Photo by Ting Shen/Xinhua)