Connect with us

WORLD

အမေရိကန်နိုင်ငံတွင် တစ်နေ့အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃ သိန်းခန့်ရှိလာပြီး ကပ်ရောဂါဆိုင်ရာ အချက်အလက်များစွာ စံချိန်သစ်များ ဖြစ်ပွားလာ

အမေရိကန်နိုင်ငံ နယူးယောက်တွင် ဇူလိုင် ၁၄ ရက် ၌ ဈေးဝယ်ရန် တန်းစီနေသူများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃ သိန်းခန့်ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစတင်၍ တစ်နေ့အတွင်း ရောဂါထပ်မံကူးစက်ခံရသူအများဆုံးအဖြစ် စံချိန်တင်ခဲ့ကာ ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃,၈၀၀ ကျော်ရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ စာရင်းပြုစုချက်အရ ဇန်နဝါရီ ၆ ရက် အချိန်ထိ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့် တစ်ပတ်အတွင်း နေ့စဉ် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၂၈,၀၀၀ ကျော်ရှိခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ရောဂါထပ်မံကူးစက်ခံရမှု အများဆုံးဖြစ်ကြောင်း ၊ နောက်ဆုံးပြုလုပ်ထားသည့် ခန့်မှန်းချက်အရ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ စုစုပေါင်းမှာ ၄၀၅,၀၀၀ ဦး မှ ၄၃၈,၀၀၀ ဦး အထိ ရှိလာနိုင်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ The Atlantic မဂ္ဂဇင်း၏ ကပ်ရောဂါအခြေအနေနှင့် ပတ်သက်သော စာရင်းပြုစုချက်အရ ဇန်နဝါရီ ၆ ရက်အချိန်ထိ အမေရိကန်နိုင်ငံတွင် ဆေးရုံ၌ COVID-19 ရောဂါ ကူးစက်ခံရ၍ ရောဂါကုသမှုခံယူနေသူ စုစုပေါင်း ၁၃၂,၄၇၆ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံရှိ ဘိုးဘွားရိပ်သာကဲ့သို့သော ရေရှည်စောင့်ရှောက်မှုပေးရသည့် စင်တာများက ကပ်ရောဂါ ဆိုးရွားစွာ ကူးစက်မှုဖြစ်ပွားသည့်နေရာဖြစ်ခဲ့ပြီး စာရင်းပြုစုချက်များအရ ယခင်နှစ် ဒီဇင်ဘာလကုန်ချိန်အထိ ရေရှည်စောင့်ရှောက်မှုပေးရသည့်စင်တာများတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁ သန်းကျော် ရှိခဲ့ကာ ယခင်နှစ် ဒီဇင်ဘာလ သည်လည်း ရေရှည်စောင့်ရှောက်မှုပေးသည့် စင်တာများတွင် COVID-19 ရောဂါကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သည့်လ ဖြစ်ခဲ့ကြောင်း The Atlantic မဂ္ဂဇင်း၏ ဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် The Atlantic မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်တွင် အမေရိကန်နိုင်ငံ၌ ကပ်ရောဂါဆိုင်ရာ အချက်အလက်များ စံချိန်သစ်များဖြစ်ပွားနေသော်လည်း ခရစ္စမတ် နှင့် ကာလရှည်နှစ်သစ်ကူးပိတ်ရက် တို့ကြောင့် စာရင်းပြုစုချက်အပေါ်သက်ရောက်မှု ဖြစ်ပွားစေခဲ့ပြီး လက်ရှိရရှိထားသော စာရင်းပြုစုချက်က ကပ်ရောဂါ၏ လက်တွေ့ဖြစ်ပွားနေသည့် အခြေအနေကို အပြည့်အစုံ မဖော်ပြနိုင်သေးကြောင်း ၊ အချို့သော ကျန်းမာရေးဆိုင်ရာပညာရှင်များ၏ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံတွင် နှစ်သစ်ကူးကာလရှည်ပိတ်ရက်ပြီးနောက်တွင် COVID-19 ရောဂါ၏ ထပ်မံကူးစက်ခံရမှုနှင့် သေဆုံးမှုတို့က လွန်စွာမြင့်တက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ နောက်ဆုံး စာရင်းပြုစုချက်အရ လက်ရှိချိန်တွင် အမေရိကန်နိုင်ငံ၌ ဗြိတိန်နိုင်ငံမှ ထုတ်ပြန်ကြေညာထားသည့် ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူ ၅၂ ဦး ရှိခဲ့ပြီး ကယ်လီဖိုးနီးယား ၊ ဖလော်ရီဒါ ၊ ကော်လိုရာဒို ၊ ဂျော်ဂျီယာ နှင့် နယူးယောက် စသည့် ပြည်နယ်များတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ၎င်းတို့အနက် ကယ်လီဖိုးနီးယားပြည်နယ်တွင် ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၂၆ ဦးရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရမှုနှင့် ရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံဖြစ်ကြောင်း ၊ ဇန်နဝါရီ ၇ ရက် အမေရိကန်နိုင်ငံအရှေ့ပိုင်းဒေသစံတော်ချိန် ညပိုင်းအချိန်ထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၁.၅၄ သန်းကျော် ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၃၆၄,၀၀၀ ဦးကျော်ရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)美国日增新冠确诊近30万例 多项疫情指标刷新纪录
2021-01-08 11:21:49 分类: 医药卫生
  新华社华盛顿1月7日电(记者谭晶晶 高山)美国疾病控制和预防中心7日公布的最新疫情数据显示,6日全美报告新增新冠确诊病例近30万例,刷新疫情暴发以来最高纪录;新增死亡病例超过3800例。
  美疾控中心调整后的最新数据显示,截至6日,美国近7日平均日增确诊病例超过22.8万例,创疫情以来新高。该中心最新预测显示,至1月30日,美国累计新冠死亡病例可能达到40.5万例至43.8万例。
  美国《大西洋月刊》发起的追踪全美疫情项目最新数据显示,截至6日,全美新冠住院患者总数达132476人,再次刷新疫情暴发以来最高纪录。
  美国养老院等长期护理机构一直是疫情“重灾区”。项目数据显示,截至去年12月底,全美长期护理机构报告的新冠确诊病例累计已超过100万例;去年12月是该项目统计长期护理机构相关数据以来新冠死亡病例最多的一个月。
  尽管美国多项疫情数据刷新纪录,但该项目指出,受圣诞和新年假期数据统计滞后影响,目前的数据可能还未完全反映疫情真实状况。一些公共卫生专家此前预测,美国新年假期之后,新冠发病率、病亡率等可能大幅上升。
  据美疾控中心最新数据,目前全美已发现52例感染英国报告的变异新冠病毒的病例,分别出现在加利福尼亚州、佛罗里达州、科罗拉多州、佐治亚州和纽约州,其中加州共报告26例,数量最多。
美国约翰斯•霍普金斯大学发布的统计数据显示,美国是全球新冠累计确诊和累计死亡病例数最多的国家,截至美国东部时间7日晚,该国累计确诊病例超过2154万例,累计死亡病例超过36.4万例。(完)

Photo

7月14日,人们在美国纽约排队等待进店购物。 新华社记者 王迎 摄