Connect with us

WORLD

အမေရိကန် Capitol တွင် အကြမ်းဖက်မှုကို ထရမ့် ပြစ်တင်ရှုတ်ချ၊ အာဏာအကူးအပြောင်း စနစ်တကျဖြစ်စေရန် ကတိပြု

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် (ဆင်ဟွာ)

 

ဝါရှင်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၆ ရက်က ဖြစ်ပွားခဲ့သည့် လွှတ်တော်အဆောက်အအုံ (Capitol) တွင် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အာဏာအကူးအပြောင်း စနစ်တကျဖြစ်စေရန် ဇန်နဝါရီ ၇ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံသား အားလုံးလိုပဲ ကျွန်တော်လည်း အကြမ်းဖက်မှု၊ ဥပဒေမဲ့မှုနှင့် ဖျက်ဆီးမှုတွေကြောင့် ကျွန်တော် ဒေါသထွက်ခဲ့ပါတယ်၊ ဥပဒေချိုးဖောက်သူတွေအနေနဲ့ ပေးဆပ်ရပါလိမ့်မယ်” ဟု ထရမ့်က တွစ်တာတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Capitol အဆောက်အအုံအနီး သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Capitol အဆောက်အအုံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ တရားဝင်အသိအမှတ်ပြုရန် လွှတ်တော်အတွင်း ပူးတွဲအစည်းအဝေး ကျင်းပနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-J. Scott Applewhite/Pool via Xinhua)

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ရွေးကောက်ခံသမ္မတနှင့် ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒန်၏ အောင်နိုင်မှုအတွက် လွှတ်တော်၏တရားဝင်ဆောင်ရွက်မှုကို သမ္မတ ထရမ့်က လက်ခံခဲ့ကြောင်း သိရသည်။

“အခုအခါ လွှတ်တော်က ရလဒ်များကို တရားဝင်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အစိုးရအသစ်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးအပ်နှင်းခြင်းခံရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်ရဲ့ အာရုံစိုက်မှုက ချောချောမွေ့မွေ့နဲ့ စနစ်ကျပြီး အထစ်အငေါ့မရှိ အာဏာကူးပြောင်းနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီအခိုက်အတန့်မှာ အဆင်ပြေစေကောင်းမွန်ပြီး ပြန်လည်သင့်မြတ်ဖို့ တိုက်တွန်းပါတယ်”

ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက လွှတ်တော်အဆောက်အအုံအတွင်း Electoral College မဲ တရားဝင်ရေတွက်ခြင်းနှင့် ဘိုင်ဒန် အနိုင်ရမှုကို အခိုင်အမာဖြစ်စေရန် အစည်းအဝေးပြုလုပ်နေချိန်၌ ထရမ့်ကို ထောက်ခံသော လူအုပ်ကြီးက အဆောက်အအုံအတွင်းသို့ အတင်းအကျပ်ဝင်ရောက်ခဲ့ကြသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများနှင့် အနှောင့်အယှက်ဖြစ်စေသော အခြေအနေများကြောင့် လွှတ်တော်အဆောက်အအုံ၌ နာရီများစွာကြာ အသွားအလာပိတ်ဆို့ထားခဲ့ရပြီး လူလေးဦးသေဆုံး၍ အများအပြားဒဏ်ရာရကာ ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၎င်းဖြစ်ရပ်များအပေါ် ထရမ့်၏ ကနဦးတုံ့ပြန်မှုတွင် အကြမ်းဖက်မှုအပေါ် ပြစ်တင်ရှုတ်ချမှု မပြုလုပ်ခဲ့ဘဲ ရွေးကောက်ပွဲတွင် မမှန်မကန်ပြုမှုများ ဖြစ်ခဲ့ကြောင်း အထောက်အထား မခိုင်လုံသောစွပ်စွဲမှုများကို အားပေးမှုဖြစ်စေခဲ့ကြောင်း၊ ၎င်း၏စည်းရုံးမှုနှင့် မဟာမိတ်များသည် ပြီးခဲ့သည့်နှစ်လက ဘိုင်ဒန်ရှုံးနိမ့်မှုကို ရှာဖွေသည့် ဒါဇင်နှင့်ချီသော တရားစွဲဆိုမှုများ ဆုံးရှုံးခဲ့ရသည်။ (Xinhua)
—————————————-
(English Version)
2nd LD: Trump condemns violence at U.S. Capitol, vows to ensure orderly transition of power
2021-01-08 10:15:58
WASHINGTON, Jan. 7 (Xinhua) — Outgoing U.S. President Donald Trump on Thursday condemned violence that ravaged the Capitol a day earlier, while vowing to ensure an orderly transition of power.
“Like all Americans I am outraged by the violence, lawlessness, and mayhem,” Trump said in taped remarks posted on Twitter. “And to those who broke the law, you will pay.”
The president went on to acknowledge the congressional certification of President-elect and Democrat Joe Biden’s victory in their White House race in 2020.
“Now Congress has certified the results. A new administration will be inaugurated on January 20. My focus now turns to ensuring a smooth, orderly and seamless transition of power,” he said. “This moment calls for healing and reconciliation.”
A big crowd of Trump’s supporters forced their ways into the Capitol on Wednesday afternoon when Congress met to formally count the Electoral College votes and affirms Biden’s win.
The chaotic and disruptive situation forced an hours-long lockdown on the Capitol grounds and left four people dead, along with multiple injuries and dozens of arrests.

Enditem
U.S. President Donald Trump (Xinhua file photo/Yin Bogu)

1- Supporters of U.S. President Donald Trump gather near the U.S. Capitol building in Washington, D.C., the United States, Jan. 6, 2021. (Xinhua/Liu Jie)
2- Photo shows a joint session of the Congress to certify the 2020 election results at the U.S. Capitol in Washington, D.C., the United States, Jan. 6, 2021. (J. Scott Applewhite/Pool via Xinhua)