Connect with us

WORLD

ဘရာဇီးနိုင်ငံ သုတေသနပညာရှင်များက ဗီဇပြောင်း COVID-19 ရောဂါပိုးသစ်တစ်မျိုး ထပ်မံတွေ့ရှိ

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ ပိတ်သိမ်းထားသော စားသောက်ဆိုင်တစ်ခုရှေ့တွင် အမျိုးသမီးတစ်ဦး ဖြတ်လျှောက်သွားသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အမျိုးသား သိပ္ပံနည်းကျ တွက်ချက်မှုဆိုင်ရာ ဓာတ်ခွဲခန်း၏ မတ်လ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ ဓာတ်ခွဲခန်းအနေဖြင့် ကောလိပ် ၄ ခုနှင့် အတူတကွ သုတေသနတစ်ရပ်ဆောင်ရွက်ခဲ့ရာ ဗီဇပြောင်း COVID-19 ရောဂါပိုးသစ်တစ်မျိုးကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ၊ ယခုတွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးက ဘရာဇီးနိုင်ငံ Manaus ဒေသတွင် တွေ့ရှိခဲ့သည့် P.1 အမျိုးအစား ဗီဇပြောင်း ရောဂါပိုး နှင့် ရီယိုဒီဂျနေရို စသည့် ဒေသများတွင် ပြန့်ပွားနေသည့် P.2 အမျိုးအစား COVID-19 ရောဂါပိုး နှင့် မတူညီကြောင်း သိရှိရသည်။

သုတေသနစီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ၊ ရောဂါဗေဒပညာရှင် က အသစ်တွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးတွင် ကူးစက်မှုပိုမိုမြင့်မားသည့် သက်သေထောက်အထားများကို အပြည့်အဝစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ခုခံအား ရှိနေပြီးသူများအပေါ် ဖြစ်ပွားစေမည့် အဆိုပါ ရောဂါပိုး၏ သက်ရောက်မှုကိုမူ ဆက်လက်၍ သုတေသနပြုလုပ်သွားရမည်ဖြစ်ကြောင်း ၊ လက်ရှိချိန်အထိ COVID-19 ကာကွယ်ဆေးက အဆိုပါရောဂါပိုးအသစ် အပေါ် ထိရောက်မှုရှိနေသေးသော်လည်း ထိရောက်မှုစွမ်းရည်က လျော့ကျနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံသုတေသနအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် အထိ ဘရာဇီးနိုင်ငံ ပြည်နယ် ၅ ခုရှိ မြို့ပေါင်း ၃၉ မြို့မှ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၉၅ ဦး၏ စစ်ဆေးမှုနမူနာကို ပြန်လည်ခွဲခြမ်းစိတ်ဖြာခဲ့ရာ ဗီဇပြောင်း COVID-19 ရောဂါပိုးအသစ် ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ အမျိုးသား သိပ္ပံနည်းကျ တွက်ချက်မှုဆိုင်ရာ ဓာတ်ခွဲခန်း လက်အောက်ရှိ ဇီဝအချက်အလက်ဆိုင်ရာ ဓာတ်ခွဲခန်းက ဘရာဇီးနိုင်ငံ၌ COVID-19 ရောဂါပိုး လျင်မြန်စွာ ပြန့်ပွားနေသောကြောင့် ရောဂါပိုး ဗီဇပြောင်းလဲမှုဖြစ်ပွားခြင်းအား ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကပ်ရောဂါအား မဖြစ်မနေအမြန်ဆုံး ထိန်းချုပ်သွားခြင်းဖြင့် ရောဂါပိုး ဗီဇပြောင်းလဲနိုင်သည့် အခွင့်အလမ်းကို လျှော့ချသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၂ ရက်ထုတ်ပြန်ကြေညာချက်အရ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈၅,၆၆၃ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၁,၃၆၃,၃၈၀ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၂,၂၁၆ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၇၅,၁၀၅ ဦးရှိလာကြောင်း ၊ ဘရာဇီးနိုင်ငံ ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဌာနများနှင့် သတင်းမီဒီယာ တို့၏ ပူးပေါင်းစာရင်းပြုစုချက်အရ ဘရာဇီးနိုင်ငံတွင် လူပေါင်း ၉.၅ သန်းကျော် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
———————————————
(Chinese Version)
(国际疫情)巴西研究人员发现新冠病毒新变种
2021-03-13 10:55:34 分类: 医药卫生
  新华社里约热内卢3月12日电(记者赵焱 陈威华)巴西国家科学计算实验室12日在官网发布公告说,这个实验室与四所高校共同完成的一项研究发现了一种新冠病毒新变种,与此前在巴西马瑙斯地区发现的P.1变种和在里约热内卢等地区流行的P.2变种都不同。
  研究项目协调人、病毒学家费尔南多•斯皮尔基说,有充分证据表明新变种的传染性很强,但它对有抗体者的影响还需要进一步研究。到目前为止,疫苗对这种变种还是有效的,但效力可能减弱。
  研究团队分析了2020年12月1日至2021年2月15日间收集的来自巴西5个州39个市镇新冠感染者的195个基因组,发现了这一变种。
  国家科学计算实验室下属生物信息实验室协调人安娜•特雷莎•瓦斯康塞洛斯说,由于当前新冠病毒在巴西传播迅速,病毒变异在意料之中,必须尽快控制疫情,减少病毒变异的机会。
  巴西卫生部12日报告新增确诊病例85663例,累计确诊11363380例;新增死亡病例2216例,累计死亡275105例。根据巴西各州卫生厅和媒体的联合统计,巴全国已有超过950万人接种新冠疫苗。(完)

Photo
2021年3月6日,一名女子从巴西圣保罗市一家关闭的餐厅前走过。新华社发